မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ

သီလဝါ ဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်၏ ကြိုးပမ်းမှုများသည် SDG ၏ရည်မှန်းချက်များနှင့်နီးစပ်စွာဆက်နွယ်မှုရှိသည်။လူ့အဖွဲ့အစည်းအတွက်ပံ့ပိုးကူညီပေးသောအဓိကလုပ်ဆောင်ချက်များကိုတွေ့ရှိနိုင်ပါသည်။ အောက်ဖော်ပြပါလှုပ်ရှားမှုအားလုံးကို IRP အစီအစဉ်တွင်ဆောင်ရွက်သည်။


ရည်မှန်းချက်ပန်းတိုင် ၁ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး          

အားနည်းသောအိမ်ထောင်စုများအားထောက်ပံ့ခြင်းအစီအစဉ်သည် သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုနှင့်မသန်စွမ်းသည့်သူများနေထိုင်သည့်အိမ်ထောင်စု များကိုထောက်ပံ့ပေးသည်။ (ရည်မှန်းချက် ၁.၃)

ပြန်လည်နေရာချထားခြင်းခံရသောနေထိုင်သူများအား မြေပိုင်ဆိုင်ခွင့်ရရှိစေရန် မြေပါမစ်များပေးအပ်ခဲ့သည်။ (ရည်မှန်းချက် ၁.၄)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

၁။ အားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဥ်

အားနည်းသောအိမ်ထောင်စုများအားအခြေခံစားသောက်ကုန်များထောက်ပံ့ခြင်း

၂။ အားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဥ်ကို သုံးလတစ်ကြိမ်စောင့်ကြည့်စစ်ဆေးခြင်း

၃။ မြေပိုင်ဆိုင်ခွင့်ရရှိစေခြင်း

စီမံကိန်းကြောင့်ရွှေ့ပြောင်းရသည့်အိမ်ထောင်စုများအားမြေပါမစ်ပေးအပ်ခြင်း

ရည်မှန်းချက်ပန်းတိုင် ၂ ငတ်မွတ်ခေါင်းပါးမှုမရှိရေး      

အားနည်းထိခိုက်လွယ်သောသူများအားထောက်ပံ့ခြင်းအစီအစဉ်တွင် သက်ကြီးရွယ်အို၊အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုနှင့်မသန်စွမ်းသည့်သူများနေထိုင်သည့်အိမ်ထောင်စုများကိုအစားအသောက်များထောက်ပံ့ပေးသည်။ (ရည်မှန်းချက် ၂.၃)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

၁။ အားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဥ်

၂။ အားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဥ်ကို သုံးလတစ်ကြိမ်စောင့်ကြည့်စစ်ဆေးခြင်း

အားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဥ်ကို သုံးလတစ်ကြိမ်စောင့်ကြည့်စစ်ဆေးခြင်း

ရည်မှန်းချက်ပန်းတိုင် ၄ အရည်အချင်းပြည့်ဝသောပညာရေးရရှိရေး            

ပြောင်းရွှေ့နေရာချထားပြီးနောက်ပိုင်းတွင်ကျောင်းနေအရွယ်ကလေးများအားနီးစပ်ရာကျောင်းများသို့ပြောင်းရွှေ့အပ်နှံပေးသည်။ (ရည်မှန်းချက် ၄.၁)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

ကျောင်းသားများအားနီးစပ်ရာကျောင်းများသို့ပြောင်းရွှေ့အပ်နှံပေးခြင်း


ရည်မှန်းချက်ပန်းတိုင် ၆ သန့်ရှင်းသောသောက်သုံးရေနှင့်မိလ္လာစနစ်ရရှိရေး       

ပြောင်းရွှေ့နေရာချထားသည့်နေရာ၌ ရေထောက်ပံ့ခြင်းစနစ်သည် ပိုမိုကောင်းမွန်လာသည်။ (ရည်မှန်းချက် ၆.၅)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

ပြောင်းရွှေ့နေရာချထားသည့်နေရာ၌ အခြေခံအဆောက်အဦးများကောင်းမွန်လာခြင်း။

ရေပိုက်လိုင်းမှရေကိုစစ်ဆေးခြင်း

ရည်မှန်းချက်ပန်းတိုင် ၈ သင့်တင့်လျောက်ပတ်သောအလုပ်အကိုင်နှင့်စီးပွားရေးဖွံ့ဖြိုးမှုရရှိရေး

အလုပ်အကိုင်ရှာဖွေသူများသည် အလုပ်ရှင်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အသက်မွေးဝမ်းကျောင်းသင်တန်းကိုထောက်ပံ့ပေးပါသည်။ (ရည်မှန်းချက် ၈.၆)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

အသက်မွေးဝမ်းကျောင်းသင်တန်း

စက်ချုပ်သင်တန်း

ရည်မှန်းချက်ပန်းတိုင် ၉ စက်မှုလုပ်ငန်း၊ ဆန်းသစ်တီထွင်မှု နှင့် အခြေခံအဆောက်အအုံမြှင့်တင်ရေး       

သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှု (ရည်မှန်းချက် ၉.၁ နှင့် ၉.၃)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှု


ရည်မှန်းချက်ပန်းတိုင် ၁၁ ရေရှည်တည်တံသောမြို့ပြဒေသများနှင့် ကျေးလက်လူမှုအဖွဲ့အစည်းများထူထောင်ရေး         

ပြန်လည်နေရာချထားရေးအစီအစဉ်တွင် ပြည့်စုံသော လုံခြုံမှုရှိသည့်အိမ်ယာ နှင့်အခြေခံဝန်ဆောင်မှု ရရှိခြင်းသည်များစွာတိုးတက်ခဲ့သည်။ (ရည်မှန်းချက် ၁၁.၁)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

ပြန်လည်နေရာချထားရေးအစီအစဉ်


ရည်မှန်းချက်ပန်းတိုင် ၁၆ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုတည်ဆောက်ရေး        

ပွင့်လင်းမြင်သာမှုရှိစေရန် အလုပ်ရုံဆွေးနွေးပွဲများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ကျင်းပခဲ့သည်။ပါဝင်ဆောင်ရွက်သူများနှင့်ခိုင်မာသောဆက်ဆံရေးများတည်ဆောက်ရန် လူထုထံသို့ မကျေနပ်မှုဆိုင်ရာစီမံခံခွဲခြင်းလုပ်ထုံးလုပ်နည်း ကိုလည်းဆောင်ရွက်ပေးသည်။ (ရည်မှန်းချက် ၁၆.၆ နှင့် ၁၆.၇)

မူလဝင်ငွေအခြေအနေသို့ပြန်လည်ရရှိစေမေည့်အစီအစဉ်သည် တရားဝင်အထောက်အထားရရှိစေရန် နိုင်ငံသားစီစစ်ရေးကဒ်ကို ကူညီထောက်ပံ့ပေးနေသည်။ (ရည်မှန်းချက် ၁၆.၉)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

၁။ မြေယာသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေခြင်းနှင့်သက်ဆိုင်သောလူမှုစွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာဆွေးနွေးပွဲများ

၂။ သီလဝါအထူးစီးပွားရေးဇုန် မကျေနပ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်း (TCMP)

မြေယာသိမ်းဆည်းခြင်းနှင့်သက်ဆိုင်သောလူမှုစွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာဆွေးနွေးပွဲများ

၃။ နိုင်ငံသားမှတ်ပုံတင်ကဒ်လျောက်ထားခြင်း

စီမံကိန်းကြောင့်ရွှေ့ပြောင်းရသူမှ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို လက်ခံရယူခြင်း

ရည်မှန်းချက်ပန်းတိုင် ၁၇ ရည်မှန်းချက်များအားလုံးအတွက်မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး

ကုလသမဂ္ဂစီးပွားရေးနှင့်လူ့အခွင့်အရေးဖိုရမ်၌ IRP အတွေ့အကြုံများအား ကမ္ဘာ့အသိုင်းအဝိုင်းကို ဝေမျှခဲ့သည်။ (ရည်မှန်းချက် ၁၇.၁၆ နှင့် ၁၇.၁၇)

သက်ဆိုင်သည့် IRP လှုပ်ရှားဆောင်ရွက်မှုများ

ကုလသမဂ္ဂစီးပွားရေးနှင့်လူ့အခွင့်အရေးဖိုရမ်

ကုလသမဂ္ဂစီးပွားရေးနှင့်လူ့အခွင့်အရေးဖိုရမ်၂၀၁၅