
သီလဝါပြန်လည်နေရာချထားခြင်း/မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်(IRP)မှ ရရှိသောအတွေ့အကြုံများအား ၂၀၁၅နှင့် ၂၀၁၇ခုနှစ်တို့တွင်ကျင်းပသော “ ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာဖိုရမ်” တို့၌နှစ်ကြိမ်မျှဝေခဲ့သည်။
ကုလသမဂ္ဂ စီးပွားရေး နှင့် လူ့အခွင့်အရေးဖိုရမ်အကြောင်း
ကုလသမဂ္ဂဖိုရမ်သည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးဖြစ်ပြီး အစိုးရ၊ စီးပွားရေး၊ ရပ်ရွာလူထုနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၊ ဥပဒေကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့များ၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ နှင့် သတင်းမီဒီယာများ တက်ရောက်သည်။
သုံးရက်တာကာလအတွင်း သင်တန်းသားများသည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက်များ(ကုလသမဂ္ဂ “ကာကွယ်စောင့်ရှောက်ခြင်း၊ လေးစားခြင်းနှင့် ကုစားခြင်း” မူဘောင်များ၊ လက်ရှိစီးပွားရေးနှင့်သက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာ ခေါင်းစဉ်ပေါင်း(၆၀)ကျော်ကိုဆွေးနွေးခြင်းတွင်ပါဝင်သည်။
ဤဖိုရမ်သည်လူ့အခွင့်အရေးအပေါ်အလုံးစုံလေးစားမှုမြှင့်တင်ရန် ခေတ်သစ်အဖွဲ့အစည်းများအကြောင်းလေ့လာခြင်း၊ ကွန်ယက်ချိတ်ဆက်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်းနှင့် သင်ကြားရေးစသည်တို့အတွက်ဖြစ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဖိုရမ်ကို ၂၀၁၁ခုနှစ်တွင်တည်ထောင်ခဲ့ပြီး သက်ဆိုင်သူများအတွက်လမ်းညွှန်ချက် စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရာတွင် ခေတ်ရေစီးကြောင်းနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခြင်း၊ အထူးသဖြင့် ရင်ဆိုင်ရသောစိန်ခေါ်မှုများအပါအဝင် စီးပွားရေးကဏ္ဍအခွင့်အရေးများ၊ လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်(သို့) သီးခြားအခွင့်အရေးများ (သို့) အုပ်စုများနှင့်စပ်လျဉ်း၍ ကောင်းသောအလေ့အကျင့်များကို ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်သည်။လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက် ၁၇/၄ နှင့် ၃၅/၇ အရ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းအဖွဲ့က ဦးဆောင်လမ်းညွှန်၍ သဘာပတိအဖြစ်ဆောင်ရွက်သည်။
UN Human Rights
ကမ္ဘာ့လူမှုအဝန်းအဝိုင်းနှင့်အတွေ့အကြုံဝေမျှခြင်း
စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂဖိုရမ် ၂၀၁၅
၂၀၁၅၊ နိုဝင်ဘာ(၁၆)ရက်တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)၊ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်များ၊ မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD)၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)၊ အန်ဂျီအို အဖွဲ့အစည်းများ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ပညာရှင် အဖွဲ့တို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် စတုတ္ထ အကြိမ်မြောက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေး ဖိုရမ်၏ ဆွေးနွေးညှိနှိုင်းမှု အစီအစဉ် တစ်ခုတွင် ပါဝင်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်ကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်နေသော အဖွဲ့အစည်းများက စီးပွားရေးနှင့် လူ့အခွင့်အရေး အရင်းအမြစ်ဌာန၊လူ့အခွင့်အရေးဆိုင်ရာကမ္ဘာ့စီးပွားရေးပဏာမခြေလှမ်း တို့က ကမကထပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးညှိနှိုင်းမှု အဖွဲ့၏ အဓိက ဦးတည်ချက်သည် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်၍ ဖွဲ့စည်းခဲ့သည့် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့၏ ဆောင်ရွက်မှုများ ဖြစ်
သည်။ ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့က “အကာအကွယ်ပေးခြင်း၊ လေးစားလိုက်နာမှုရှိခြင်း၊ ပြန်လည်ကုစားမှုပေးခြင်း”ဆိုသော မူဘောင်သုံးရပ်နှင့်အညီ အသေးစိတ် သက်ရောက်မှုများနှင့် ရေရှည် အဆင်ပြေ သင့်လျော်သည့် ဖြေရှင်းမှုများ ဖြည့်စွမ်းပေးနိုင်ရန် ဖြစ်သည်။
အဆိုပါ အဖွဲ့ကို ကုလသမဂ္ဂ၏ အကာအကွယ်ပေးခြင်း၊ လေးစားလိုက်နာမှုရှိခြင်း၊ ပြန်လည်ကုစားမှုပေးခြင်း အခြေခံမူဘောင်အား ပါဝင်ပတ်သက်သော အဖွဲ့အစည်းများအားလုံး စုပေါင်းလုပ်ဆောင် အကောင်အထည် ဖော်ခြင်းဟု အမည်တပ်ခဲ့သည်။
ပါဝင်ဆွေးနွေးသူများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဒါက်တာ သန်းအောင် (သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)၏ တွဲဖက် အတွင်းရေးမှူး) (ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံ လမ်းညွှန်ချက်များမှ ပထမမူဘောင်ကို အစိုးရက စောင့်ထိန်းလိုက်နာကြောင်း)
- Mr. Takashi Yanai, MJTD ဥက္ကဋ္ဌ (ဒုတိယမူဘောင်ကို စောင့်ထိန်းရန် ပူးပေါင်းဆောင်ရွက်မှုများအကြောင်း)
- သီလဝါ ဒေသခံ ကိုယ်စားလှယ်နှင့် Ms. Vicky Bowman, အမှုဆောင် ဒါရိုက်တာ, မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) (ဘက်ပေါင်းစုံ ပါဝင် သော အကြံပေး ညှိနှိုင်းအဖွဲ့ကို နစ်နာမှုများအတွက် ကူညီဖြေရှင်း ဖေးမကူညီမှု လုပ်ငန်းစဉ်တွင် ပါဝင်စေခြင်းဖြင့် တတိယ မူဘောင်ကို ဖြည့်စွမ်းခြင်း)
အဆိုပါ ဆွေးနွေးမှု အစီအစဉ်နှင့် ပတ်သက်၍ အချက်အလက်များကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
https://www.ohchr.org/EN/Issues/Business/Forum/Pages/2015ForumBHR.aspx
အဆိုပါ ဆွေးနွေးမှု အစီအစဉ်နှင့် ပတ်သက်၍ အချက်အလက်များကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့အသိုင်းအဝန်းနှင့် အတွေ့အကြုံ ဝေမျှခြင်း (၂၀၁၇ ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေး ဖိုရမ်)
ကမ္ဘာ့ကုလသမဂ္ဂ ၏နှစ်စဉ် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ ၂၉ရက် အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ပါသည်။ ဤဆွေးနွေးပွဲ၌ သီလဝါအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ “ထိခိုက်ကုသမှု ဖြေရှင်းခြင်းနည်းလမ်းများ အသုံးချနိုင်ခြင်းပုံစံ” ကို အခန်းကဏ္ဍတစ်ရပ်အနေဖြင့်ဆွေးနွေးခဲ့ပါသည်။သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့်ထိခိုက်ခံရသူနှစ်ဦး၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကိုယ်စားလှယ် ၊ မြန်မာနိုင်ငံအခြေစိုက်ဂျိုက်ကာရုံးမှ တာဝန်ခံချုပ် ၊ MJTD မှ အမှုဆောင်အရာရှိချုပ် ၊ Earth Rights International မှ တာဝန်ရှိ ညှိနှိုင်းရေးမှူး တို့သည် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးမည့်သူများအဖြစ် တက်ရောက်ပေးပါရန် ဖိတ်ကြားခြင်းခံရသည်။
ဆွေးနွေးပွဲတွင် သီလဝါအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ချက်၊ အထူးစီးပွားရေးဇုန်၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ဒေသခံလူထုအပေါ် မြန်မာအစိုး၏ သဘောထား နှင့် “TCMP” ဟုခေါ်သော သီလဝါအထူးစီးပွားရေးဇုန်နှင့် သက်ဆိုင်သော မကျေနပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်း၏ တိုးတက်မှုဖြစ်စဉ်အကြောင်းကို အရေးကြီးကိစ္စတစ်ရပ်အနေဖြင့် အသိပေးဝေမျှခဲ့ပါသည်။
အဆိုပါ ဆွေးနွေးမှု အစီအစဉ်နှင့် ပတ်သက်၍ အချက်အလက်များကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
https://www.ohchr.org/EN/Issues/Business/Forum/Pages/2017ForumBHR.aspx
အဆိုပါ ဆွေးနွေးမှု အစီအစဉ်နှင့် ပတ်သက်၍ အချက်အလက်များကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။Further
https://www.ohchr.org/Documents/Issues/Business/ForumSession6/39_CaseStudiesAchievingAccess.pdf
