
အယူအဆနှင့် နောက်ခံအကြောင်းတရား
မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်သည် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များကို ဝင်ငွေရင်းမြစ်နှင့်မူလ နေထိုင်မှု အဆင့်မျိုး ပြန်လည် ရရှိအောင် ကူညီထောက်ပံ့ခြင်း ဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန် ဧရိယာထဲတွင် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လှုပ်ရှားမှုများ ဖော်ဆောင်နေစည် အတောအတွင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များ၏ အသက်မွေး လုပ်ငန်းများ ထူထောင်ပေးရန် ပံ့ပိုးအားပေးသွားမည် ဖြစ်သည်။.
မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်တွင် အသက်မွေးမှု အတတ်ပညာ လေ့ကျင့်သင်ကြားပေးခြင်း၊ နည်းလမ်းပိုင်း အကြံပေးခြင်းနှင့် အခြားသော ကူညီမှုများလည်း ပါဝင်သည်။ သီးခြား အခြေအနေ တစ်ရပ်အဖြစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများကို ကျွမ်းကျင်လုပ်သားများ အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် အနီးတဝိုက်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ ကိုယ်ပိုင် အသေးစား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာနိုင်ရန်၊ သို့မဟုတ် စက်ရုံ အလုပ်ရုံများတွင် ပါဝင် အလုပ်လုပ်နိုင်ရန်လည်း အသားပေးထားသည်။
မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်တွင် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အောက်ပါ လူပုဂ္ဂိုလ်များအတွက် အကူအညီများ ပါဝင်သည်။
(က) လယ်ယာစိုက်ပျိုးမှုဖြင့် ဝင်ငွေရှာဖွေခဲ့သော်လည်း အခြားစီးပွားရေး လှုပ်ရှားမှုများ ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်လာသည့် လယ်သမားများ
(ခ) ပျံကျလုပ်သားများနှင့် လယ်ယာလုပ်ငန်းခွင် ပြင်ပတွင် အလုပ်လုပ်ပြီး ၎င်းတို့၏ အလုပ်နေရာကို ပြောင်းလဲရန် လိုအပ်လာသူများ
(ဂ) မိမိတို့၏ အသက်မွေးမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး အလုပ်အကိုင် ရှာဖွေလိုသည့် အလုပ်လက်မဲ့များ
(ဃ) လက်ရှိ ဝင်ငွေရနေသော အလုပ်အကိုင်ကို ပြောင်းလဲရန် မလိုသော်လည်း ၎င်းတို့၏ ကျွမ်းကျင်မှုပိုင်းနှင့် ဝင်ငွေရရှိမှုတို့ကို မြှင့်တင်လိုသူများ
မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်သည် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များကို နေရေးထိုင်ရေး ပြန်လည် ထူထောင်ပေးရန်အပြင် လူမှုရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အနေအထားများ၊ လူတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး ကိစ္စများကို ပြန်လည် အခြေတကျဖြစ်ရေးနှင့် အသက်မွေးမှု အစဉ်တစိုက် တိုးတက်ရေးတို့အတွက်ပါ ဆောင်ရွက်ပေးရန် အရေးကြီး ညွှန်ကိန်းများ အနေဖြင့် သတ်မှတ်ထားသည်။
မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ၏ အဆင့်လိုက်တိုးတက်မှုများ
၂၀၁၄၊ ဇွန်လမှစ၍ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်၏ လုပ်ငန်းစဉ် တစ်ရပ်အဖြစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များ၊ မြန်မာအစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်ပြီး ပြန်လည်နေရာချထားရေး ကဏ္ဍတွင် ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆန်းစစ် ဖော်ထုတ်ခဲ့သည်။ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များကို တိုက်ရိုက်ထောက်ပံ့မှုတွင် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်၌ အောက်ပါလုပ်ငန်းစဉ်များပါဝင်ပါသည်။
(၁)နိုင်ငံသားစိစစ်ရေးကတ် ရရှိအောင် ကူညီခြင်း
ယေဘုယျ
မြန်မာနိုင်ငံတွင် နိုင်ငံသား စိစစ်ရေးကတ် မရှိသည့်အခါ နေရာသစ် ရွှေ့ပြောင်းချိန်၌ ကလေးများကို ကျောင်းအသစ်တွင် အပ်နှံပေးခြင်း၊ ဘဏ်စာရင်း အသစ်ဖွင့်ခြင်း၊ တရားဝင် ခရီးစဉ်များ သွားရောက်ခြင်း၊ နိစ္စဓူဝရုံးပိုင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုပြုလုပ်နိုင်မည် မဟုတ်ချေ။
ထို့အပြင်ပြန်လည်နေရာချထားရေးအစီအစဉ်များကိုစတင်ခဲ့သည့်အခါစီမံကိန်းကြောင့်ပြောင်းရွှေ့ရမည့့််လူပုဂ္ဂိုလ်(PAPs)အတော်များများတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်ထားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေရေးအစီအစဉ်(IRP)အရ သက်ဆိုင်ရာ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့့််လူပုဂ္ဂိုလ်(PAPs)အားလုံးကို နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးခြင်း၊ ပြန်လည် လျှောက်ထားခြင်းတို့ပြုလုပ်နိုင်အောင်အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တို့နှင့်ပူးပေါင်း ဆောင်ရွက် ပေးခဲ့ပါသည်။
ဇုန်(အေ)
နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ပြီးသော PAPs = ၃၁ ဦး
ဇုန်(ဘီ)
မြန်မာအစိုးရတာဝန်ရှိသူများသည် မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့နှင့်ပူပေါင်း၍ အိမ်ထောင်စု (၂၅) စုကို သန်းခေါင်စာရင်း ပြောင်းရွှေ့လျှောက်ထားရာတွင်အကူအညီပေးခြင်း များကို ဆောင်ရွက်ပေးခဲ့ပါ သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်ထုတ်ပေးခဲ့ပြီးသော PAPs = ၃ ဦး
နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ပြီးသော PAPs = ၈ ဦး
(၂)ကလေးငယ်များကို ကျောင်းပြောင်းအပ်နှံပေးခြင်း
ယေဘုယျ
စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခဲ့ရသည့် မိသားစုများမှ ကလေးများကို ပြန်လည် နေရာချထားပေးသည့် ဧရိယာ အနီးရှိ ကျောင်းတစ်ကျောင်းသို့ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ကူညီမှုဖြင့်ကျောင်းပြောင်းနိုင်ခဲ့သည်။
ဇုန်(အေ)
ကျောင်းနေအရွယ် ကလေး ၂၃ ဦးအနက် ၂၁ ဦးသည် ၂၀၁၄၊ ဇွန်လ (စာသင်နှစ်အစ)တွင် ကျောင်းပြောင်းနိုင်ခဲ့သည်။ ကျန်ကလေး ၂ ဦးမှာမူ မိသားစု အရေးကိစ္စများကြောင့် ကျောင်းအသစ်တွင် တက်ရောက်နိုင်ခဲ့ခြင်း မရှိချေ။ ၂၀၁၆၊ ဩဂုတ်လတွင်မူှ ကျောင်းနေအရွယ် ကလေး ၃၈ ဦးတွင် ၃၅ ဦးမှာ ပညာဆက်လက် သင်ကြားနေနိုင်ပြီ ဖြစ်သည်။ ကျန်ကလေး ၃ ဦးမှာမူ မိသားစု အရေးကိစ္စများကြောင့် ကျောင်းအသစ်တွင် တက်ရောက်နိုင်ခဲ့ခြင်း မရှိချေ။
ဇုန်(ဘီ)
၂၀၁၇ခုနှစ်၊မေလတွင်ကျောင်းသား(၁၆)ဦးကိုလည်းကောင်း၊၂၀၁၈ခုနှစ်မေလတွင်ကျောင်းသား(၁၁)ဦးကိုလည်း ကောင်း ကျောင်းအသစ်သို့ပြောင်းရွှေ့ပေးခဲ့ပါသည်။
၃။အသက်မွေးသင်တန်းများနှင့်အလုပ်အကိုင်ဆက်စပ်ပေးခြင်းများ
(၃.၁) အသက်မွေး သင်တန်းများ
အသက်မွေးဝမ်းကျောင်း သင်တန်းများသည် သီလဝါအထူးစီးပွားရေးဇုန် (TSEZ) သို့မဟုတ် အခြားစနစ်တကျဖွဲ့စည်းထားသောလုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်လိုသောစီမံကိန်းကြောင့်ထိခိုက်နစ်နာသောသူများ(PAPs) အလုပ်အကိုင်ရရှိစေရန်အတွက်အထောက်အပံ့အဖြစ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။အသက် မွေးဝမ်းကျောင်းသင်တန်းသည် စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်(TSEZ)သို့မဟုတ်အနီးအနားတွင်အလုပ်အကိုင်ရရှိနိုင်စေရန်အတွက်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေနိုင်ရန်အတွက်အထူးအရေးကြီးသောအရာတစ်ခုဖြစ်ပါသည်။ဤအသက်မွေးဝမ်းကျောင်းသင်တန်းများကိုပုံမှန်အားဖြင့်အလုပ်ခန့်အပ်ပေးရန် အလားအလာရှိသောလုပ်ငန်းရှင်များ သို့မဟုတ် တတိယအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများဖြင့်စီစဉ် ဆောင်ရွက်ပေးလေ့ရှိပါသည်။
ဇုန်အေ
စီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများသည် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသည့် အစည်းအဝေးများတွင် ပါဝင်ခွင့် ရခဲ့ပြီး မည်သို့သော အလုပ်အကိုင်မျိုးကို ရွေးချယ်သင့်သည်၊ အနာဂတ်တွင် မည်သည့် ဝင်ငွေရင်းမြစ်ကို ရွေးချယ် မှီခိုသင့်သည် ဆိုသည်များကို နှီးနှောဆွေးနွေးခွင့် ရခဲ့သည်။ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများကလည်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များအတွက် လိုအပ်မည့် အသက်မွေး သင်တန်းများကို စာရင်းကောက်ယူ စစ်တမ်းပြုစုခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၁၄၊ ဇန်နဝါရီမှ ဇွန်လထိ သတ်မှတ်ထားသည့် ကနဦး အသက်မွေး သင်တန်း အစီအစဉ် ပြီးမြောက်သည့်နောက် ၎င်းတို့ လိုအပ်မည့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို သတ်မှတ်ခြင်း၊ သင်တန်းပို့ချမည့်နေရာ ရှာဖွေခြင်းများကို စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများက ဦးဆောင် ရွေးချယ်ခွင့် ရခဲ့သည်။ သင်တန်းပုံမှန် တက်ရောက်သူများကိုလည်း နေ့စဉ် ငွေကြေးခံစားခွင့် ရရှိရန် စီစဉ်ပေးခဲ့သည်။
အနှစ်ချုပ် ဆိုရသော် မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်သည် အခြေခံ ဂဏန်းသင်္ချာ သင်တန်းများ၊ ယာဉ်မောင်း သင်တန်းများ၊ လုံခြုံရေး ဝန်ထမ်းဆိုင်ရာ သင်တန်းများ၊ အချုပ်အလုပ် သင်တန်းများ၊ ဘာသာစကား (အင်္ဂလိပ်နှင့် ဂျပန်) သင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ၊ လျှပ်စစ်ကျွမ်းကျင် သင်တန်းများ အပါအဝင် အသက်မွေး သင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ကူညီ ထောက်ပံ့ပေးခဲ့သည်။
ယင်းတို့အနက် အချို့သော သင်တန်းများကို မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD)က တိုက်ရိုက် ထောက်ပံ့ပေးခဲ့ပြီး အထူး စီးပွားရေးဇုန်တွင် အခြေစိုက်သည့် ဂျပန် အသက်မွေးသင်တန်း အဖွဲ့အစည်း Fuji Workကလည်း ကူညီခဲ့သည်။ ၎င်းတို့၏ ဆောင်ရွက်ချက်များတွင် အထူးစီးပွားရေးဇုန် အတွင်းရှိ အရုပ်လုပ်ငန်း Cute Myanmar Thilawa ကုမ္ပဏီ လီမိတက်ကဲ့သို့ စက်ရုံ လုပ်ငန်းခွင်များကို သွားရောက် လေ့လာလည်ပတ်ခြင်းမျိုးလည်း ပါဝင်သည်။
ဇုန်ဘီ
မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်(IRP)လုပ်ငန်းစဉ်များအရယာဉ်မောင်းသင်တန်း(၁)ခုနှင့်အထည်ချုပ်သင်တန်း(၂)ခုအပါအဝင်အသက်မွေးဝမ်းကျောင်းသင်တန်းအမျိုးအစားများကိုဇုန်ဘီအပိုင်း-(၁)နှင့်(၂)ရှိ စီမံကိန်းများကြောင့်ပြောင်းရွေ့ရသည့်လူပုဂ္ဂိုလ်များအတွက် ကျယ်ပြန့်စွာစီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ ယာဉ်မောင်း သင်တန်း တစ်ခုအား (TSMC) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဗဟို သင်တန်းကျောင်း (Central Institute of Transport and Communication) တို့ ပူးပေါင်း ၍ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ တွင် စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ အဆိုပါသင်တန်းအား သင်တန်းသား(၁၄)ဦး တက်ရောက်ခဲ့ပြီး စံနှုန်းများနှင့်ကိုက်ညီသူများသည် သင်တန်းအပြီးတွင် ယာဉ်မောင်းလိုင်စင်ရရှိနိုင်ခဲ့ပါသည်။အချို့သင်တန်းသားများသည် သင်တန်းတက်ရောက်ပြီးနောက် မိမိတို့၏ဆွေမျိုးသားချင်းများ၏ ကားများကို မောင်းပေးခြင်းဖြင့် ဝင်ငွေရရှိကြပါသည်။
၂၀၁၈ခုနှစ် ၊ ဇူလိုင်လတွင် ပထမအကြိမ် အခြေခံနှင့် အဆင့်မြင့် အထည်ချုပ်သင်တန်းကို (TSEZ)၏ စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ယူမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများထဲမှ CSR (Corporate Social Responsibility Activities) လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် မြန်မာ- ဂျပန် သီလဝါဖွံ့ဖြိုးမှုလီမီတတ် (MJTD) မှ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဒုတိယအကြိမ် အခြေခံနှင့် အဆင့်မြင့်အထည် ချုပ်သင်တန်းကိုမူလဝင်ငွေပြန်လည်ရရှိစေရေး (IRP) လုပ်ငန်း စဉ်တစ်ရပ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့်အတူ ပူးပေါင်းဖွင့်လှစ်ပေးခဲ့ပါသည်။ ဤဒုတိယ အကြိမ်သင်တန်းတွင် လူမှုဝန်ထမ်းဦးစီး ဌာနမှအထည်ချုပ်ကျွမ်းကျင်သင်တန်းဆရာ တစ်ဦး ကျောက်တန်းသို့ လာရောက်ကာ ဇုန်ဘီအပိုင်း-(၁)နှင့်(၂)မှ စီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်းများကိုသင်တန်းပို့ချပေးခဲ့ပါသည်။ပထမအကြိမ်နှင့်ဒုတိယအကြိမ်သင်တန်းများတွင်တက်ရောက်သူသင်တန်းသား စုစုပေါင်း (၁၃)ဦးစီ ရှိခဲ့ပါသည်။ သင်တန်းတစ်ခုပြီးဆုံးတိုင်းတွင်သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC) မှ သင်တန်းသား များ ကို အပ်ချုပ်စက်တစ်လုံးစီ ဌားရမ်းပေးခဲ့ပါသည်။ သင်တန်းသားအများစု အနေဖြင့် သင်တန်းတက်ရောက်ပြီးပါက မိမိနေအိမ်တွင် အဝတ်အထည်ချုပ်လုပ်ခြင်း၊ သီလဝါအထူးစီးပွားရေးဇုန်(TSEZ) အတွင်းရှိအထည်ချုပ်စက်ရုံများ သို့မဟုတ် သီလဝါအထူးစီးပွားရေးဇုန် (TSEZ) အနီးအနားရှိ ဒေသခံစက်မှုဇုန်များ သို့မဟုတ် သီလဝါအထူးစီးပွားရေးဇုန် (TSEZ) အနီးအနားရှိအထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေ ရရှိနိုင်မည်ဖြစ်ပါသည်။
(၃-၂) အလုပ်အကိုင်ဆက်စပ်ပေးခြင်း
မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်(IRP) ၏ဆောင်ရွက်မှု အစီအစဉ်အရ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ TSMC၊ MJTD၊ ရင်းနှီးမြုပ်နှံသူများ၊ ကန်ထရိုက်တာ၊ တဆင့်ခံကန်ထရိုက်တာ subcontractorများနှင့်ချိတ်ဆက်ပူးပေါင်း၍စီမံကိန်းကြောင့်ပြောင်းရွှေ့ရမည့်သူများအားအလုပ်အကိုင်ခေါ်ယူမှုသတင်း အချက်အလက်များ ဖြန့်ဝေပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ (CV) ပြင်ဆင်ခြင်း ၊ အင်တာဗျူးဖြေဆိုရန်နှင့် သင့်လျော် သည့် အလုပ်အကိုင်ရရှိရန် ကူညီခြင်းစသည့်ကိစ္စရပ်များကို IRP မှထောက်ပံ့ပေးခဲ့ပါသည်။
TSEZတွင်လုပ်ကိုင်ရန်ဆန္ဒရှိသောစီမံကိန်းကြောင့်ပြောင်းရွှေ့ရသည့်သူများနှင့်အလုပ်အကိုင်များရှိစီမံကိန်းကြောင့် ပြောင်းရွှေ့ရသည့်သူများ ၏ တိုးတက် မှုအခြေအနေ ကိုစဉ်ဆက်မပြတ်စောင့်ကြည့် လျက်ရှိပါသည်။
ဇုန်အေ
အထူးစီးပွားရေးဇုန် ဧရိယာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် စီးပွားရေး လုပ်ငန်းများက ဇုန်ဧရိယာအတွင်း မြေနေရာ ငှားရမ်းခြင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများ လုပ်ငန်းစတင်ခြင်းများ ဖြစ်ပေါ်လာသလို ဒေသခံ အလုပ်သမားများကိုလည်း အထူးစီးပွားရေးဇုန်အတွက် ခေါ်ယူ အသုံးပြုလာကြသည်။ ၂၀၁၆၊ ဩဂုတ်လကုန်တွင် အထူးစီးပွားရေးဇုန်၌ ပြန်လည် အလုပ်လုပ်နေသည့် စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူ အရေအတွက် ၂၆ ဦး ရှိနေပြီ ဖြစ်သည်။ အခြား ၁၆ ဦးက အထူးစီးပွားရေးဇုန်တွင် အလုပ်လျှောက်ထားကြပြီး ၂၀၁၆၊ အောက်တိုဘာတွင် အင်တာဗျူး ဖြေဆိုရန် စောင့်ဆိုင်းနေကြသည်။
ဇုန်ဘီ
လုပ်ငန်းလည်ပတ်နေသော စက်ရုံများနှင့် တည်ဆောက်ဆဲ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဒေသခံလုပ်သားများအားအလုပ်ခန့်အပ်နေကြပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အရ သီလဝါအထူးစီးပွားရေးဇုန်တွင် စီမံကိန်းကြောင့်ပြောင်းရွှေ့ရသူ (၃၆)ဦး ဝင်ရောက်လုပ်ကိုင်နေကြပြီး (၄၁)ဦး မှာ အလုပ်လျှောက်လွှာ တင်ထားကြပါသည်။
(၃.၃) သီလဝါအထူးစီးပွားရေးဇုန်အတွင်း လေ့လာရေး ခရီးစဉ်များ
၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန် လုပ်ငန်းများ စတင်ခဲ့သလို စီးပွားရေးလုပ်ငန်း အချို့လည်း အစပြု လည်ပတ်လာခဲ့သည်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ အနေဖြင့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းနှင့် မည်သို့သော အလုပ်အကိုင် နေရာများ လစ်လပ်နေနိုင်ကြောင်း ပိုမိုသိရှိစေရန်အတွက် လုပ်ငန်းခွင်အတွင်း လှည့်လည် လေ့လာသည့် ခရီးစဉ်များ အကောင်အထည် ဖော်ပေးခဲ့သည်။ အဆိုပါ အစီအစဉ်တွင် ပါဝင်ခဲ့သည့် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အရေအတွက် ၄၅ ဦး ရှိခဲ့သည်။
(၃.၄) လုပ်ငန်းခွင်မဝင်မီကြိုတင်ပြင်ဆင်ခြင်းသင်တန်း
ဤသင်တန်း၏အဓိကရည်ရွယ်ချက်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကျပန်းလုပ်ငန်းများကို အဓိကလုပ်ကိုင်ခဲ့ကြသော စီမံကိန်းကြောင့်ရွှေ့ပြောင်းရသူများသည် လုပ်ခလစာရလုပ်ငန်းများတွင် ဝင်ရောက်လုပ် ကိုင်နိုင်ရန်လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါသည်။ဤသို့လေ့ကျင့်သင်ကြားပေးခြင်းဖြင့်စီမံကိန်းကြောင့်ရွှေ့ပြောင်းရသူများသည်အလုပ်အကိုင်ရရှိခြင်း၊လုပ်ငန်းခွင်အလေ့အထကောင်းများလိုက်နာကျင့်သုံးခြင်းစသည့်တိုးတက်အောင်မြင်မှုများရရှိစေမည်ဖြစ်ပါသည်။အဆိုပါသင်တန်းများကိုတတိယကျွမ်းကျင်အဖွဲ့အစည်းများ(ThirdParties)သို့မဟုတ်စီမံကိန်းကြောင့်ရွှေ့ပြောင်းရသူများသည်အလုပ်နှင့်ကိုက်ညီသောကြောင့်အလုပ်ခန့်အပ်ပေးရန်အလားအလာရှိသောလုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်ပေးလေ့ရှိပါသည်။
၂၀၁၈ခုနှစ်၊ မေလ တွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (TSMC) နှင့် မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်မှုလီမီတတ် (MJTD) တို့၏ မေတ္တာရပ်ခံချက်အရ (TSEZ) ရင်းနှီးမြုပ်နှံ သူများဖြစ်ကြသည့် (Alidac Healthcare Myanmar Co., Ltd) နှင့် (Foster Electric Co., Ltd) တို့သည် ဇုန်-ဘီအပိုင်း၁)သည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများအား နှစ်ရက်တာကြာသောလုပ်ငန်းခွင်မဝင်မီကြို တင်ပြင်ဆင်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ နည်းပညာဆိုင်ရာ လိုအပ်သောသင်တန်း အထောက်အကူပြု Presentationများကို (JICA) ကျွမ်းကျင်ပညာရှင်အဖွဲ့ (JET) မှ ပံ့ပိုးပြီးသီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (TSMC) သည် သင်တန်းသားများသင်တန်းတက်ရောက်မှုကိုအထောက်အကူဖြစ်စေရန်အတွက် သင်တန်းသားများ၏နေ့တွက်စရိတ်ထောက်ပံ့ငွေနှင့်သယ်ယူပို့ဆောင်ရေးအစီအစဉ်ကို တာဝန်ယူစီစဉ်ပေးခဲ့ပါသည်။
သင်တန်း၏အဓိကရည်ရွယ်ချက်မှာစီမံကိန်းကြောင့်ရွှေ့ပြောင်းရသူများအနေဖြင့်၎င်းတို့နှင့်သင့်တော်သောအလုပ်များ လွယ်ကူစွာရရှိရန်နှင့် ယင်းအလုပ်များအတွက် လိုအပ်သည်များကိုပြင်ဆင်ထားနိုင်ရန်ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့စုစုပေါင်းသင်တန်းသား(၂၃)ယောက်တက်ရောက်ခဲ့ပါသည်။သင်ရိုးညွန်းတမ်းတွင်မိမိနှင့်သင့်တော်သော အလုပ်အကိုင် မည်သို့ရှာဖွေရမည်၊ မိမိကိုယ်ရေးအချက် အလက်များကို မည်သို့ပြင်ဆင်ရမည်၊ အင်တာဗျူး မည်သို့ဖြေဆိုရမည် ဆိုသည့် အချက်အလက်များအပြင် အလုပ်သမားကောင်း တစ်ဦး၏ လုပ်ငန်းခွင်ဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ စက်ရုံအလုပ်ရုံများ၏ စည်းမျဉ်းစည်းကမ်းအခြေခံ သတ်မှတ်ချက်များ စသည်တို့လည်း ပါဝင်ပါသည်။
Lecture by Alidac Healthcare Myanmar Co.,Ltd | Participants in Job Readiness Training | Lecture by Foster Electronic Co.,Ltd |
၄။ အသေးစားငွေစုငွေချေးလုပ်ငန်း
စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ၏ ဘဝမြှင့်တင်ရေးတည်ငြိမ်ရန်အတွက် အထောက်အကူ ဖြစ်စေရန် ၂၀၁၅ ခုနှစ်၊ မတ်လတွင် လူမှု အခြေပြု အသေးစား ငွေစုငွေချေး လုပ်ငန်းဆိုင်ရာ အစီအစဉ် တစ်ခုကိုလည်း ဖော်ဆောင်ပေးခဲ့သည်။ ဒေသခံငွစုငွေချေး လုပ်ငန်းလုပ်ကိုင်သူ ကျွမ်းကျင် ပညာ ရှင် နှင့် ဒေသခံ လူမှုရေး အဖွဲ့အစည်း ရွှေမှော်ဝန်းတို့က စီမံကိန်းကြောင့် ရွှေ့ပြောင်းရ သည့် လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ အဆိုပါ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့သည်။
၅။ ပြန်လည်နေရာချထားရေးနေရာတွင်အခြေခံအဆောက်အအုံတိုးတက်မှု
ယေဘုယျ
သီလအထူးစီးပွားရေးဇုန်တိုင်ကြားမှုစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်း (TCMP) သည်သက်ဆိုင်သူများ၏မေးခွန်း(သို့မဟုတ်)စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုတင်ပြရန်ခွင့်ပြုပြီး၎င်းတိုကိုချက်ချင်း ကိုင်တွယ်ဖြေရှင်းခဲ့သည်။ TSEZ သည်အမှန်တကယ်ဖြစ်စေ၊ ရိပ်မိသည့်ပြဿနာများဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူလက်ခံရရှိသည့် တိုင်ကြားချက်များအားလုံးကိုဖြေရှင်းရန်ရည်ရွယ်သည်။
ပြန်လည်နေရာချထားရေးနေရာ ၏အခြေခံအဆောက်အအုံနှင့် ပတ်သတ်၍ တိုင်ကြားချက် အနည်းငယ် ရှိသည်။ PAP ၏ ၀န်းကျင်အတွင်းရှိပြဿနာကိုဖြေရှင်းရန် IRP မှအိမ်သာနှင့်ရေနုတ်မြောင်းပြန်လည် ပြုပြင်ခြင်း ကဲ့သို့သောအခြေခံအဆောက်အအုံတိုးတက်မှုကိုပြုလုပ်ခဲ့သည်။
ဇုန်အေ
၂၀၁၄ ခုနစ်မိုးရာသီအကုန်တွင် ပြန်လည်နေရာချထားရေးနေရာ တွင်ရေကြီးမှုနှင့်ရေချိုရရှိမှုပြဿနာများ ဖြစ်ပွားခဲ့သည်။ တုန့်ပြန်မှုအနေဖြင့် TSMC သည်အိမ်တစ်အိမ်စီ၏မြေမျက်နှာပြင်နှင့် အခြေအနေကို စစ်တမ်းကောက်ယူပြီး ရေနုတ်မြောင်းနှင့် အခြားသက်ဆိုင်သော အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ နေထိုင်သူများထံမှသတင်းအချက်အလက်များ ကိုကောက်ယူခဲ့သည်။ ပြန်လည်နေရာချ ထားရေးနေရာသည် နည်းပညာအခြေခံအဆောက်အအုံများ တိုးတက်ရန်အစီအစဉ်ကို JET မှအဆိုပြုထားသည်။ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများကို ဒေသခံများနှင့်ပြုလုပ်ခဲ့သည်။ ၄င်းတို့၏ လိုအပ်ချက်များနှင့် စစ်တမ်းရလဒ်များအပေါ် အခြေခံ၍ အခြေခံအဆောက်အအုံတိုးတက်မှုစီမံကိန်း (၃) ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အိမ်များအဆင့်မြှင့်တင်ခြင်း၊ လက်ရှိရေတွင်းများအဆင့်မြှင့်ခြင်းနှင့် သန့်ရှင်းရေး နှင့်ရေနုတ်ပြွန်ချောင်း ပြုလုပ်ခြင်းတို့ဖြစ်သည်။ ထို့အပြင်လက်နှိပ်ရေပန့်များကို လည်းအဆင့်မြှင့်တင် ပြီးအစားထိုးခဲ့သည်။
Upgrading and Cleaning of existing wells | Upgrading of houses | Construction of a new culvert at the creek |
ဇုန်ဘီ
၂၀၁၇ ခုနှစ်တွင် အထူးသဖြင့်မိုးရာသီအတွင်း၌အိမ်သာကိုအသုံးပြုသောလူ ဦး ရေပေါ် မူတည်၍ အပိုင်း (ခ) အပိုင်း (၁) နှင့် (၂) ၏ ပြန်လည်နေရာချထားရေးနေရာ တွင်မိလ္လာကန်များမှ စွန့်ပစ်ရေ အလွန်အကျွံစီးဆင်းမှုပြဿနာရှိသည်။ ဤပြဿနာကိုဖြေရှင်းရန် TSMC သည်မြေမျက်နှာပြင်တိုင်းတာခြင်းနှင့် နေထိုင်သူများနှင့် အကြိမ်ကြိမ်ဆွေးနွေးခြင်းစသည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ဤပြဿနာကိုဖြေရှင်းရန် JET သည် TSMC ကိုလည်းထောက်ပံ့ခဲ့သည်။ စုံစမ်းစစ်ဆေးမှုရလဒ်အနေဖြင့်မိုးရာသီတွင်မြေအောက်ရေပမာဏသည်မြေဆီလွှာထဲသို့စီးဝင်သောမိုးရေများကြောင့်ပိုမိုမြင့်မားကြောင်းတွေ့ရှိရသည်။ အောက်ဖော်ပြပါနှုန်းအတိုင်း ၂၀၁၈ ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင်မြေကွက်တစ်ကွက်စီတွင်ရေနုတ်မြောင်းတစ်ခုသို့လျှံနေသောပိုက်များပါသည့်အပိုမိလ္လာကန်တစ်ခုထည့်သွင်းခြင်းအားဖြင့်ဤပြဿနာကိုဖြေရှင်းနိုင်ပါသည်။
ရေနုတ်မြောင်း
နောက်ထပ်ပြဿနာတစ်ခုမှာ ကုန်တင်ကားကြီးများကြောင့် ပြန်လည်နေရာချထားရေးနေရာ မှရေနုတ်မြောင်းအချို့ပျက်စီးခဲ့သည်။ ပျက်စီးသွားသောရေနုတ်မြောင်းအားလုံးကို ၂၀၁၉ ဖေဖော်ဝါရီလတွင်အောက်တွင်ဖော်ပြထားသည့်အတိုင်း ပြန်လည်ပြုပြင်ခဲ့သည်။
၂၀၁၉ ခုနှစ်ဇွန်လတွင် ပြန်လည်နေရာချထားရေးနေရာအနီးအနားရှိချောင်းသို့စီးဆင်းသောရေနုတ်မြောင်းနှစ်ခုကို မူရင်းမြေပိုင်ရှင်မှ ဖြည့်ထားသောမြေဆီလွှာများပိတ်ဆို့ထားသောကြောင့်ဇုန်ဘီအပိုင်း၁ နှင့် ၂ ရှိပြန်လည်နေရာချထားရေးနေရာကို ရေလွှမ်းမိုးခဲ့သည်။ ထို့ကြောင့် ထိုရေနုတ်မြောင်းများကိုပိတ်ဆို့ထားသော မြေကိုဖယ်ရှားရန် မြေပိုင်ရှင်များနှင့် ညှိနှိုင်းခြင်းအားဖြင့်ဤပြဿနာကိုဖြေရှင်းနိုင်ခဲ့သည်။ ပြောင်းရွှေ့နေရာချထားသောနေရာများသို့ရေကြီးခြင်းပြဿနာကို ဤနည်းလမ်းဖြင့်ဖြေရှင်းခဲ့သည်။
ရေပေးဝေရေးစနစ်ရှိသံဓါတ်ဖယ်ရှားမှု
ဇုန်ဘီ အပိုင်း (၁) နှင့် (၂) ပြန်လည်နေရာချထားရေးနေရာ၏ ရေပေးဝေရေးစနစ်ရှိ သံဓါတ်ဖယ်ရှားသောကန်တွင် သံဓာတ်ပါဝင်မှုများကြောင့် နောက်ထပ်ပြဿနာ တစ် ခုဖြစ်ပွားခဲ့သည်။ သံဓာတ်ဖယ်ရှားသောကန်တွင် သံဟိုက်ဒရောဆိုဒ်ပါဝင်သော အနည်အနှစ်များစုဆောင်းခြင်းကြောင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ်နိုဝင်ဘာလအထိ သံဖယ်ရှားသောကန်ကိုလစဉ်လတိုင်း သန့်ရှင်းရေးလုပ်ခြင်းဖြင့်ဤပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ရေပေးဝေရေးစနစ်၏ ရေအရည်အသွေးကို စစ်ဆေးရန်အတွက် ၂၀၁၈ ခုနှစ်တွင် ဓာတ်ခွဲခန်းတွင် ရေအရည်အသွေးကို လေးကြိမ်ခွဲခြမ်းစိတ်ဖြာစစ်ဆေးခဲ့သည်။
ရေအရည်အသွေးပြဿနာ
ဤရေအရည်အသွေးပြဿနာကို ရေရှည်ဖြေရှင်းနိုင်ရန် JET သည် အနီးအနားပတ်ဝန်းကျင်ရှိ ရေအောင်းလွှာများ၏ မြေအောက်ရေအတိမ်အနက်နှင့်ပတ်သက်သော သတင်းအချက်အလက်အပေါ် အခြေခံ၍ ရေကောင်းရေသန့်ရရှိရေးအတွက် ရေတွင်းတူးရန် နေရာအသစ်တစ်ခုကို စုံစမ်းစစ်ဆေးခြင်းပြုလုပ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဇုန်ဘီ – အပိုင်း ၁ နှင့် ၂ရှိ PAP များနှင့် ဆွေးနွေးမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် မူလရေတွင်းထက် တိမ်သောရေတွင်းအသစ်ကိုတူးခဲ့သည်။ ရေတွင်းအသစ်မှ ရေအရည်အသွေးကို ဓာတ်ခွဲခန်းတွင်စမ်းသပ်သောအခါ၊ ၎င်းရေတွင်းရှိသံဓာတ်ပါဝင်မှု ပမာဏသည် ရှိပြီးသားရေတွင်း၏ပမာဏထက်နည်းပြီး ၎င်းရေအရည်အသွေးကိုအသုံးပြုရန် လုံလောက်ကြောင်းကိုတွေ့ရှိခဲ့သည်။ ထို့ကြောင့် ဇုန်ဘီ အပိုင်း (၁) နှင့် (၂) ၏ ပြန်လည်နေရာချထားရေးနေရာ တွင် ရေပေးဝေရေးစနစ်အတွက်ရေတွင်းအသစ်ကိုအသုံးပြုသည်။
ရှိပြီးသားရေတွင်း | ရှိပြီးသားရေတွင်းမှရေ | ရေတွင်းအသစ် | ရေတွင်းအသစ်မှရေ |
၆။ လူမှုကောင်းကျိုး ထောက်ပံ့ရေး အစီအစဉ် 6.Social Welfare Support Program
၂၀၁၄ ခုနှစ် နှောင်းပိုင်းတွင် ပထမအကြိမ် ပြင်ပမှ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြန်လည်ဆန်းစစ် သုံးသပ်ခြင်းများ ပြုလုပ်ပြီး ရှာဖွေတွေ့ရှိလာသော အချက်အလက်များကို အခြေ ခံကာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် လူပုဂ္ဂိုလ်များအတွက် စပ်ကူးမတ်ကူးကာလ ငွေကြေး ခံစားခွင့် အစီအစဉ် တစ်ရပ်ကို အဆိုပြုခဲ့သည်။ ယင်းသည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ များ အနေဖြင့် ၎င်းတို့၏ ဘဝနေထိုင်မှုကို ပြန်လည် တည်ဆောက်ရာတွင် အထောက်အကူ ရရှိနိုင်စေရန် ဖြစ်သည်။ အပိုဆောင်း ဖြည့်ဆည်းကူညီသည့် အစီအစဉ်ကို လူမှုကောင်းကျိုး ထောက်ပံ့ရေး အစီအစဉ် (SWSP)ဟု သတ်မှတ် ခေါ်ဆိုခဲ့သည်။
SWSPကဲ့သို့ ကြားဖြတ် ခံစားခွင့်ဆိုင်ရာ အစီအစဉ်များသည် မြေသိမ်းမှုနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် သမားရိုးကျ အခြေအနေမျိုး ဖြစ်သည်။ အဆိုပါ ငွေကြေး ခံစားခွင့်မျိုးသည် ယေဘုယျအားဖြင့် နစ်နာကြေး ပေးချေသော အစီအစဉ်နှင့် သီးခြားစီဖြစ်သည်။ တစ်နည်းအားဖြင့် အပိုဆောင်း ပေးအပ်သည့် ထောက်ပံ့မှု စံနှုန်းများဟု ဆိုနိုင်သည်။
ယင်းအစီအစဉ်များတွင် ငွေသားဖြစ်စေ၊ အခြားသော နည်းလမ်းတစ်မျိုးမျိုးဖြင့် ကူညီခြင်းမျိုးဖြစ်စေ ပါဝင်သည်။ ထို့အပြင် နိုင်ငံတကာအဆင့် ကောင်းမွန်သော စံနှုန်းများနှင့်လည်း လျော်ညီအောင် ညှိနှိုင်းထားရသည်။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်တွင်မူ ငွေသားဖြင့် တိုက်ရိုက်ပေးချေခြင်း မဟုတ်ဘဲ ဘဏ်စာရင်းများထဲ ငွေဖြည့်တင်းပေးခဲ့သည်။
・SWSP အတွေးအမြင်ကို လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဒေသခံ လူ့အဖွဲ့အစည်းက လေးစားထောက်ခံသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အကောင်အထည်ဖော် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
・ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် စီမံကိန်းကြောင့်ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်များကို ဘဏ်စာရင်းများ ဖွင့်လှစ်နိုင်ရန် ကူညီ ပေးခဲ့သည်။
・မိသားစုအလိုက် ဘဏ်စာရင်း စီမံခန့်ခွဲမှု နားလည်တတ်ကျွမ်းစေရန် သင်ကြား ပေးခြင်းများကိုလည်း ၂၀၁၅၊ မတ်လမှ အစပြုခဲ့သည်။ ရည်ရွယ်ချက်မှာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ အနေဖြင့် အိမ်ထောင်စု ဘဏ္ဍာရေးအခြေအနေကို ကြပ်မတ် ထိန်းသိမ်းတတ်စေရန် ဖြစ်သည်။
・စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ အနေဖြင့် ၎င်းတို့၏ လူနေမှုဘဝ ပုံစံသစ် ပြန်လည်တည်ဆောက်မှုတွင် SWSP အထောက်အပံ့ အစီအစဉ်ကို မည်သို့မည်ပုံ အသုံးချကြသည် ဆိုခြင်းနှ င့် ၎င်းတို့၏ ကြွေးမြီတင်ရှိမှုများကို လျှော့ချနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာမှု စစ်တမ်းများနှင့် နိစ္စဓူဝ လေ့လာဆန်းစစ်မှုများ ပြုလုပ်ကာ အစဉ်တစိုက် လေ့လာခဲ့သည်။
(၆-၁) အားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဉ်
ရွှေ့ပြောင်းနေရာချသူများထဲမှ အားနည်းထိခိုက်လွယ်သောသူများ (Vulnerable People) သည် စီမံကိန်းမစတင်မီ မူလစားဝတ်နေရေး အနေအထားသို့ အနည်းစပ်ဆုံး ပြန်လည်ရောက်ရှိစေရန် စားဝတ်နေရေးအကူအညီများ ထပ်မံလိုအပ်ပါသည်။ ထို့ကြောင့်IRP မှ အဆိုပါအားနည်း ထိခိုက် လွယ်သောသူများကို အထူးဦးစားပေး၍ ၎င်းတို့၏အသက်မွေးမှုဆိုင်ရာလိုအပ်သော ထပ်တိုး အကူ အညီများကို ပေးလျက်ရှိပါသည်။ အားနည်းထိခိုက်လွယ်သောစီမံကိန်းကြောင့် ထိခိုက်နှစ်နာသူများနှင့် အိမ်ထောင်စုများ သည် ပြန်လည်နေရာချထားရေးလုပ်ငန်း စီမံချက် (Resettlement Work Plan-RWP) တွင်ပါဝင်သောရပိုင်ခွင့်များသာမက အားနည်းထိခိုက်လွယ်သောသူများအား ထောက်ပံ့ခြင်းအစီအစဉ် (Vulnerable People Program-VPP) များကိုလည်း ခံစားပိုင်ခွင့်ပေးခဲ့ပါသည်။ ဤဆောင်ရွက်ချက်များ သည် အားနည်းထိခိုက်လွယ်သော စီမံကိန်းကြောင့်ထိခိုက်နှစ်နာသူများအတွက် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အောင်မြင်စွာပါဝင်ဆောင်ရွက်နိုင်ရန် ပုံစံရေးဆွဲထားခြင်း ဖြစ်သည်။
ဤအစီအစဉ်သည် မူလဝင်ငွေပြန်လည်ရောက်ရှိစေမည့်အစဉ်(IRP)၏အဓိကအစိတ်အပိုင်းဖြစ်သည့် အိမ်ထောင်စုများ၏ဝင်ငွေရရှိမှုကို တိုးတက်စေခြင်းနှင့် အိမ်ထောင်စု၏ ငွေကြေး စီမံခန့်ခွဲနိုင်မှုဖြင့် ၎င်းတို့၏စီးပွားရေးအခြေအနေများကိုမူလအခြေအနေသို့ အနည်းဆုံးပြန်လည် ရောက်ရှိ ရန် အထောက်အပံ့ပေးခြင်းဖြစ်ပါသည်။မူလဝင်ငွေပြန်လည်ရောက်ရှိစေမည့်အစီအစဉ်(IRP)၏အားနည်းထိခိုက် လွယ်သောသူများအားထောက်ပံ့ ခြင်းအစီအစဉ် တွင် အောက်ဖော်ပြပါအဆင့်များ ပါဝင်သည်။
- အခြေခံလူနေမှုအထောက်အပံ့များ ထပ်မံပံ့ပိုးခြင်း။
- မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ် တွင်ပါဝင်သော သက်မွေးမှု လမ်းကြောင်းတခုခုကိုရွေးချယ်ခြင်း
- မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ် ထောက်ပံ့မှုများ
(VPP) လုပ်ငန်းစဉ်အောက်ရှိ အထောက်အပံ့အားလုံးကို အားနည်းထိခိုက်လွယ်သော အိမ်ထောင်စု တိုင်းသို့ (ဉပမာ-အားနည်းထိခိုက်လွယ်သောသူများနှင့်၎င်းတို့၏ မိသားစု) ပေးအပ်လျက်ရှိပါသည်။ ဤအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်ဆိုင်ရာအုပ်ချုပ်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အထူးအရေးကြီးပါသည်။ ဇုန် ဘီ အပိုင်း (၁) နှင့် (၂) အတွင်းရှိ အားနည်းထိခိုက်လွယ်သောသူများနှင့် မိသားစုဝင်များအား အခြေခံလူနေမှု အထောက်အပံ့များကို ၂၀၁၈ခုနှစ်၊ မတ်လ မှ ယနေ့အချိန်ထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
အခြေခံအသက်မွေးမှု အထောက်အပံ့များ
အားနည်းထိခိုက်လွယ်သောသူများအဖြစ် သတ်မှတ်ရာ၌ စံချိန်ညွန်း သတ်မှတ်ချက်များကို ဇုန် ဘီ အပိုင်း (၁) နှင့် (၂) အတွင်းရှိ ရပ်မိရပ်ဖများထံ အကြံဉာဏ်ရယူခြင်း၊ နယ်မြေ အာဏာပိုင်များ၊ စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများနှင့် ဆွေးနွေးခြင်း စသည်တို့ကို ပြန်လည်နေရာ ချထားရေး လုပ်ငန်း စီမံချက် (RWP) နှင့် မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက် ရှိစေရေးအစီအစဉ် များ (IRP) အပေါ်အခြေခံ၍ ဆုံးဖြတ်သတ်မှတ်ခဲ့ပါသည်။၂၀၁၉၊ ဇွန်လအထိ အားနည်းထိခိုက်လွယ်သော အိမ်ထောင်စုပေါင်း (Vulnerable Households) ၂၃ ခု ရှိပြီး ၎င်းတို့ကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC) မှ လစဉ်အခြေခံအသက်မွေးမှု အထောက်အပံ့များ ပေးအပ်လျက်ရှိပါသည်။
တချိန်တည်းမှာပင် အားနည်းထိခိုက်လွယ်သော အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမှု အခြေအနေများအား သုံးလတစ်ကြိမ် စောင့်ကြပ်ကြည့်ရှု့ခြင်းအတွက် စာရင်းကော က်ယူခြင်း (Quarterly Monitorin Survey) ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ မှ စတင်၍ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC) မှပြုလုပ်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဇွန်လအထိ၊ စစ်တမ်းလေးကြိမ် ကောက်ယူခဲ့ပြီးဖြစ်ပါသည်။
In June, 2019 | In Dec, 2018 | In Dec, 2018 |
ဇုန် ဘီ အပိုင်း (၁) နှင့် (၂) မှ စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား လူမှုဖူလုံရေး အထောက် အပံ့ (Social Welfare Support Program) ပေးအပ်သည့် အစီအစဉ်အရ ကလေးမွေးဖွားခြင်း၊ ဈာပန ၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ပြင်းထန်သောနာမကျန်းခြင်းများအတွက် ငွေကြေး ထောက်ပံ့မှု များကို ၂၀၁၉-ခုနှစ်၊ ဧပြီလမှ စတင်ဆောင်ရွက်လျက်ရှိပါသည်။
၆-၂ မြေယာပိုင်ဆိုင်မှုကို ခိုင်မာစေခြင်း
မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်သည် ရွှေ့ပြောင်းအိမ်ထောင်စုများအား မြေယာ ပိုင်ဆိုင်မှုအတွက် ခိုင်မာမှုရှိအောင် ကူညီပေးခဲ့ပါသည်။
ဇုန်(အေ)
ဇုန်အေ မှ ရွှေ့ပြောင်းအိမ်ထောင်စု စုစုပေါင်း (၆၈)အိမ်ထောင်စုအနက်မှ အိမ်ထောင်စု (၆၃) စု အား ၂၀၁၈ခုနှစ်၊ ဇူလိုင်လ တွင် မြေယာပိုင်ဆိုင်ခွင့်ပါမစ်များအား ပေးအပ်ခဲ့ပါသည်။
ဇုန်(ဘီ)
ဇုန်ဘီ မှ ရွှေ့ပြောင်း အိမ်ထောင်စု (၉၁) စု အား ၂၀၁၉ခုနှစ်၊ မတ်လ တွင် မြေယာပိုင်ဆိုင်ခွင့်ပါမစ်များအား ပေးအပ်ခဲ့ပါသည်။
ဇုန်ဘီ- အပိုင်း (၁) နှင့်(၂) မှ ရွှေ့ပြောင်းအိမ်ထောင်စု စုစုပေါင်း (၉၁) စုအား TSMC မှမြေယာပိုင်ဆိုင်ခွင့်ပေးအပ်သည့်အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပါသည်။