
TCMP လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းအတွက်အခြေခံယူဆချက်
TCMP သည် ပါဝင်ပတ်သက်သူများ၏မကျေနပ်မှုနှင့် စိုးရိမ်ပူပန်မှုများကို သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာစွာဖြင့် အစီအစဉ်တကျ လေးလေးစားစား စီမံခန့်ခွဲနိုင်စေရန်အတွက် လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲထားခြင်းဖြစ်သည်။TCMP၏အခြေခံအယူအဆကိုအောက်ပါစာမျက်နှာတွင်အကျဉ်းချုံးထားသည်။
TCMP ၏ လုပ်ငန်းလည်ပတ်ခြင်းတွင် အောက်ပါအခြေခံမူများရှိသည်
- နိုင်ငံတကာ၏ကောင်းမွန်သောအလေ့အကျင့် လိုအပ်ချက်များနှင့်ကိုက်ညီစေခြင်း။ တိုင်ကြားချက်နှင့်မှန်ကန်သောအရေးယူဆောင်ရွက်မှုများအတွက်သင့်လျော်သောစာရွက်စာတမ်းများကိုသေချာစွာပြင်ဆင်ခြင်းl
- ဦးတည်ရာလမ်းကြောင်းနှင့်လေ့လာရရှိသောသင်ခန်းစာများကိုခွဲခြမ်းစိတ်ဖြာခြင်းဖြင့်စွမ်းဆောင်ရည်တိုးတက်မှုကိုစဉ်ဆက်မပြတ်ပြုလုပ်ရန်။
- ပါဝင်ပတ်သက်သူများနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုများအတွက်ထိရောက်သောထောက်ပံ့မှုဖြစ်စေရန် ပါဝင်ပတ်သက်သူများ၏ စိုးရိမ်မှုများကိုစောင့်ကြည့်ဖော်ထုတ်စစ်ဆေးရန်။
- နိုင်ငံတကာ၏ကောင်းမွန်သောအလေ့အကျင့် လိုအပ်ချက်များနှင့်ကိုက်ညီစေခြင်း။
ရှိပြီးသားTCMPကိုမရေးဆွဲမှီပြင်ဆင်မှုလုပ်ငန်းစဉ်
ရှိပြီးသား TCMP ကိုပြင်ဆင်ခြင်း
သီလဝါအထူးစီးပွားရေးဇုန်သည်တိုင်ကြားမှုစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင်ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကျွမ်းကျင်အဖွဲ့မှပြန်လည်သုံးသပ်မှုအပေါ် အခြေခံ၍ လက်ရှိ TCMP ကို ပြင်ဆင်ခဲ့သည်။
အောက်ပါဇယားတွင်ဖော်ပြထားသည့်အတိုင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ TSMC, မြန်မာဂျပန် သီလဝါဖွံ့ဖြိုးရေးလိမိတက် (MJTD)၊ စီမံကိန်းကြောင့်အကျိုးသက်ရောက်သော လူထု နှင့် စီမံကိန်းကြောင့်ပြောင်းရွေ့ရသည့်သူ တို့မှ ရပ်ရွာကိုယ်စားလှယ်များ ပါဝင်၍ ညှိနှိုင်းတိုင်ပင်ခြင်းများပြုလုပ်ခဲ့သည်။ စာရွက်စာတမ်းများအား ပြန်လည်သုံးသပ်ခြင်း၊ အဓိကကျသောသတင်းပေးသူနှင့်တွေ့ဆုံမေးမြန်းခြင်းနှင့်အုပ်စုလိုက်ဆွေးနွေးခြင်းတို့မှတစ်ဆင့်လုပ်ငန်းဆောင်ရွက်ဖွဲ့စည်းပုံနှင့်စာရွက်စာတမ်းများပြုစုခြင်းကဲ့သို့သောကိစ္စရပ်များကိုဖော်ထုတ်နိုင်ခဲ့သည်။

အောက်ပါပုံများသည်အောက်တိုဘာ ၂၀၁၇တွင်ကျင်းပသောစုံစမ်းစစ်ဆေးရေးအစည်းအဝေးများဖြစ်သည်
![]() | ![]() | ![]() |
[ စီမံကိန်းကြောင့်အကျိုးသက်ရောက်သော လူထု၏ ကျေးရွာအုပ်စု အဆင့် အစည်းအဝေး ] | [ ဇုန်အေ စီမံကိန်းကြောင့်ပြောင်းရွေ့ရသူများနှင့်အစည်းအဝေး ] | [ ဇုန်ဘီ စီမံကိန်းကြောင့်ပြောင်းရွေ့ရသူများနှင့်အစည်းအဝေး ] |
လူထုနှင့်ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းစဉ်
လက်ရှိ TCMP တိုးတက်မှုကာလအတွင်းတိုင်ကြားချက်များလက်ခံရရှိရန်လမ်းကြောင်းများ၊ မကျေနပ်မှုစီမံခန့်ခွဲရေးလုပ်ငန်းစဉ်ကိုလူအများသိရှိစေရန်မိတ်ဆက်ခြင်းနည်းလမ်းများနှင့်လျှောက်လွှာပုံစံမူကြမ်းအား ဇုန်အေ နှင့် ဘီ မှ စီမံကိန်းကြောင့်ပြောင်းရွေ့ရသူများ၊ စီမံကိန်းကြောင့်အကျိုးသက်ရောက်သောရပ်ကွက်/ကျေးရွာများ မှဒေသခံများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSO) နှင့်ရင်းနှီးမြှုပ်နှံသူများဖြင့် MJTDမှ ကျင်းပသည့် သီလဝါလူထုညှိနှိုင်းအစည်းအဝေး နှင့် ရပ်ကွက်၊ကျေးရွာများတွင်အုပ်စုဖွဲ့ဆွေးနွေးပွဲ တို့မှတစ်ဆင့် အောက်ပါပုံများတွင်ပြသထားသည့်အတိုင်း ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင်း တိုင်ပင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ဒေသခံလူထု၊ပါဝင်ပက်သက်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်း၏ရလာဒ်များသည် လက်ရှိ TCMP ပြင်ဆင်မှုအပေါ်အကျိုးသက်ရောက်စေခဲ့သည်။



မကျေနပ်မှုစီမံခန့်ခွဲရေးလုပ်ငန်းစဉ်ကိုလူအများသိရှိစေရန်မိတ်ဆက်ခြင်း
၂၀၁၇ နိုဝင်ဘာလ မှ ၂၀၁၈ အောက်တိုဘာလ အတွင်း ဒေသခံလူထု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရင်းနှီးမြုပ်နှံသူများ နှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံသို့ မကျေနပ်မှုစီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ ကို မိတ်ဆက်ပေးခဲ့ပါသည်။ တက်ရောက်လာသူများအား TCMP လက်ကမ်းစာစောင်များ ကိုဝေမျှခဲ့ပြီး TCMPလုပ်ငန်းစဉ်များအကြောင်းတင်ပြချက်ကိုကနဦးမိတ်ဆက်သည့်အစည်းအဝေးများတွင်အသုံးပြုခဲ့သည်။ ဤအဆင့်တွင်ပါဝင်ပတ်သက်သူများ၏စာရင်းကိုအောက်ပါဇယားတွင်ဖော်ပြထားသည်။
[ TCMP Rollout Record ]




TCMP ကို ရှေ့ပြေးအကောင်အထည်ဖော်ခြင်း
၂၀၁၇ ခုနှစ်နိုဝင်ဘာလမှစတင်၍ TCMP လုပ်ငန်းစဉ်များကို အသုံးပြု၍ တိုင်ကြားမှုများအားစုံစမ်းစစ်ဆေးရန်နှင့်ဖြေရှင်းရန် စတင်စမ်းသပ်ခဲ့သည်။ လူထုဆက်ဆံရေးအဖွဲ့ (CRT) နှင့်တာဝန်ရှိသူများသည် လျော်ကြေး၊ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ခြင်း၊ ပြန်လည်နေရာချထားရေး/ပြန်လည်နေရာချထားသောနေရာ၊ သဘာဝပတ်ဝန်းကျင်၊ အခြေခံအဆောက်အအုံများ၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ထမ်း / အလုပ်သမားအပြုအမူ၊ အလုပ်သမားရေးရာကိစ္စများ (ဥပမာ၊ အလုပ်ခေါ်ဆိုမှု၊ လစာ၊ အလုပ်ချိန် / အခြေအနေစသည်) နှင့် အခြားကိစ္စရပ်များ စသည်တို့ကို TCMP နည်းလမ်းများ အရ တိုင်ကြားသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ TCMP ကိုအကောင်အထည်ဖော်စဉ်ကြုံတွေ့ရသောအခက်အခဲများအပေါ် မူတည်၍ ချောမွေ့ပြီးပိုမို ထိရောက်သောလုပ်ငန်းလည်ပတ်မှုအတွက် TCMP ဒီဇိုင်းကိုပြုပြင်ရေးဆွဲခဲ့သည်။
TCMP ဆုံးဖြတ်ချက်အစီရင်ခံစာအကျဉ်းချုပ်
ယခင် မကျေနပ်မှုစီမံခန့်ခွဲမှုလုပ်ငန်းစဉ် တွင် ပါဝင်သော တိုင်ကြားချက်များအပါအဝင် လက်ရှိ TCMP တွင်ပါဝင်သော တိုင်ကြားချက်များကို ၂၀၁၇ ခုနှစ်နိုဝင်ဘာလ မှစတင်၍ အချက်အလက်ထည့်သွင်းသိမ်းဆည်းထားရှိပြီးပြန်လည်သုံးသပ်ခြင်းအကျဉ်းချုပ်ကို၂၀၁၈ခုနှစ်စက်တင်ဘာလတွင်ထုတ်ပြန်ခဲ့သည်။
အောက်တွင်အဓိကတွေ့ရှိချက်များကိုဖော်ပြထားသည်။
(၁) တိုင်ကြားချက်အမျိုးအစားများ
အောက်ဖော်ပြပါပုံတွင်ဖော်ပြထားသည့်အတိုင်းတိုင်ကြားချက်စုစုပေါင်းအရေအတွက်အားတိုင်ကြားချက်အမျိုးအစားအလိုက်ခွဲခြားထားသည်။တိုင်ကြားမှုစုစုပေါင်းအရေအတွက်အနက်လျော်ကြေးပေးခြင်းနှင့်သက်ဆိုင်သည့်တိုင်ကြားချက်သည်အများဆုံးဖြစ်ပြီးအလုပ်သမားနှင့်သက်ဆိုင်သောတိုင်ကြားချက်များ ဥပမာ-ကန်ထရိုက်တာများနှင့်တစ်ဆင့်ခံကန်ထရိုက်တာများအကြားငွေပေးချေမှုပြဿနာ၊ အလုပ်အကိုင်ပြဿနာ၊ဖယ်ရီအကြိုအပို့ကားငှားရမ်းသူနှင့်ရင်းနှီးမြှုပ်နှံသူတို့ကြားပြဿနာစသည်တို့ကိုလည်းတွေ့ရှိရသည်။နောက်တစ်ခုမှာဖုန်မှုန့်၊မြေခဲများစွန့်ပစ်မှုအနံဆိုးများထွက်ခြင်းနှင့်ရေလွှမ်းခြင်းစသည့်သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့်တိုင်ကြားမှုများဖြစ်သည်။အလုပ်အကိုင်အခွင့်အလမ်းများမြှင့်တင်ခြင်းကဲ့သို့ အသက်မွေးဝမ်းကျောင်းမှုပြန်လည်ထူထောင်ခြင်း ကိစ္စများအပါအဝင် ရေပေးဝေခြင်း၊ လမ်းနှင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းစသည့် ပြန်လည်နေရာချထားခြင်းကိစ္စများ နှင့် ပတ်သက်၍ ဇုန်ဘီပြန်လည်နေရာချထားရေးနေရာမှ PAP များ ကတိုင်ကြားခဲ့ကြသည်။

(၂) ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအရ တိုင်ကြားချက်များ
တိုင်ကြားချက်များဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေကိုအောက်ပါဇယားတွင်ဖော်ပြထားသည်။ တိုင်ကြားချက်အရေအတွက် ၅၀ အနက်မှ ၇၀% ကိုအောင်မြင်စွာဖြေရှင်းပြီးဖြစ်သည်။ အခြေအနေအရဖြေရှင်းဆောင်ရွက်ပြီးသောတိုင်ကြားချက်သည်များ ၂၂% ရှိသည်။ သဘောတူညီမှုရှိသောဆုံးဖြတ်ချက်တစ်ခုမရရှိနိုင်သည့်တိုင်ကြားမှုများ(သို့မဟုတ်)တိုင်ကြားချက်ကိုလက်ခံရရှိပြီးနောက်နှစ်လအကြာတိုင်ကြားသူနှင့်ဆက်သွယ်နိုင်ခြင်းမရှိသည့်တိုင်ကြားမှုများ နှင့် ၎င်းတို့၏နေရာကိုရှာဖွေရန်ကြိုးပမ်းမှုများ မအောင်မြင်သောအခါတွင် အခြေအနေအရဖြေရှင်းဆောင်ရွက်ခြင်းပြုလုပ်သည်။ စုံစမ်းစစ်ဆေးဆဲရှိသော တိုင်ကြားမှုများမှာ ၆% ရှိပြီး ဆုံးဖြတ်ချက်ကိုအလွယ်တကူသဘောတူပြီး ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည် ။ အလေးထားထည့်သွင်းစဉ်းစားရမည့် စုံစမ်းစစ်ဆေးဆဲ တိုင်ကြားမှုများမှာ ၂% ဖြစ်ပြီး ဖြေရှင်းချက်ကိုသဘောတူရန်ခက်ခဲခြင်း / သို့မဟုတ်တိုင်ကြားသူသည်ဖြေရှင်းချက်ကိုသဘောမတူနိုင်ပါ။
[ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအရ တိုင်ကြားမှု အရေအတွက်များ ]

(၃) တိုင်ကြားသူအမျိုးအစားအလိုက် တိုင်ကြားချက်များ
တိုင်ကြားသူအမျိုးအစားကိုသီလဝါအထူးစီးပွားရေးဇုန်အတွင်းလျော်ကြေးသက်မှတ်ချက်နှင့်ကိုက်ညီသည့် စီမံကိန်းကြောင့်ပြောင်းရွှေ့ရသူများ၊ စီမံကိန်းကြောင့်အကျိုးသက်ရောက်မှုရှိသောလူထု (PAC)၊ ပြည်သူ၊ ဒေသခံအလုပ်သမား နှင့် အခြား ဟူ၍သက်မှတ်ထားသည်။ PAC သည် အောက်ဖော်ပြပါ သန်လျင်မြို့နယ်နှင့်ကျောက်တန်းမြို့နယ်ရှိကျေးရွာအုပ်စုများတွင်နေထိုင်သူများဖြစ်သည်။
[ တိုင်ကြားသူများ၏နေထိုင်ရာနေရာများ ]

တိုင်ကြားသူအမျိုးအစားအလိုက်တိုင်ကြားချက်အရေအတွက်ကိုအောက်ပါဇယားတွင်ဖော်ပြထားသည်။ တိုင်ကြားသူ ၅၆ ရာခိုင်နှုန်းသည် PAC တွင်နေထိုင်သူများမှတိုင်ကြားမှုများဖြစ်ပြီး ၂၈% မှာ SEZ ရှိဒေသခံ ၀ န်ထမ်း PAP မှဖြစ်သည်။ PAP မှတိုင်ကြားမှုရာခိုင်နှုန်းမှာ ၁၆% ဖြစ်သည်။
[ TSEZ နှင့်ပတ်သက်သော တိုင်ကြားသူများ ]

(ဈ) တည်နေရာအလိုက်တိုင်ကြားချက်အရေအတွက်များ
တည်နေရာအလိုက်တိုင်ကြားချက်အရေအတွက်ကိုအောက်တွင်ဖော်ပြထားသည်။တိုင်ကြားမှုများအများဆုံးဖြစ်ပွားသည့်နေရာသည်စက်ရုံများအများဆုံးလည်ပတ်နေသောသီလဝါအထူးစီးပွားရေးဇုန် အေ ဖြစ်သည်။ PAC မှ တိုင်ကြားချက်ရာခိုင်နှုန်းသည် ၃၄% ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ပြန်လည်နေရာချထားရေးနေရာ (ဇုန် အေ) မှတိုင်ကြားချက်သည် ၂၈% ရှိသည်။ ပြန်လည်နေရာချထားရေးနေရာ (ဇုန် ဘီ) ရှိတိုင်တန်းမှုအရေအတွက်မှာ ၁၀% ဖြစ်သည်။
[ တည်နေရာအလိုက်တိုင်ကြားချက်အရေအတွက် ]
