
ခြုံငုံသုံးသပ်ခြင်း
အကြံပေးညှိနှိုင်းမှုများ မြှင့်တင်ဆောင်ရွက်ခြင်း
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁ စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းများ အတွက် အကြံပေးဆောင်ရွက်ရန် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့ (MSAG)တစ်ခု ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။ ၊ အဓိကအားဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စဉ်းစားဆင်ခြင်မှုများအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ လမ်းညွှန်ချက်များအတိုင်း စုံစမ်းစစ်ဆေး အတည်ပြုထားသည့် အစီရင်ခံစာပါ ရလဒ်များကို အခြေခံကာ ပေန်လည်နေရာချထားပေးရေး အစီအစဉ်များကို တွန်းအားပေးနိုင်ရန်နှင့် အပိုင်း ၁ စီမံကိန်းများ၏ ပြန်လည် နေရာချထားပေးရေး အစီအစဉ်ဆိုင်ရာ ပြင်ပစစ်တမ်းများ၏ ထောက်ခံဖော်ပြချက်များအတိုင်း တုံ့ပြန်နိုင်ရန်အတွက်ဖြစ်သည်။
အဆိုပါ လုပ်ဆောင်မှုသည် ပြန်လည်နေရာချထားရေး အစီအစဉ်များအပေါ် လူထု၏ စိုးရိမ်မှု သဘောထားကို တုံ့ပြန်ရန် နှင့် ရှေ့တွင်ကြုံလာနိုင်သည့် စိန်ခေါ်မှု အခိုျ့ကို ဖြေရှင်းရာ၌ ဘက်ပေါင်းစုံ အကြံပြု ဖြေရှင်းမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သင့်ကြောင်း ဆမန်မာအစိုးရ၏ အသိအမှတ် ပြုခြင်းများကြောင့် ဖြစ်သည်။
*MSAG meeting has been transformed into a Thilawa Community Coordination(TCC) Meeting and is still being held.
ဘက်ပေါင်းစုံပါဝင်သောအကြံပေးညှိနှိုင်းအဖွဲ့၏ရည်ရွယ်ချက်များ
- သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁ စီမံကိန်းများတွင် အဓိက အရေးပါသည့် ကုမ္ပဏီ လုပ်ငန်းများကြား မူဝါဒ ရေးဆွဲမှု၊ ဦးစားပေး သတ်မှတ်ဆောင်ရွက်မှုနှင့် စီမံကိန်း ကွပ်ကဲမှု၊ အထူးစီးပွားရေးဇုန်ကြောင့် ရွှေ့ပြောင်းခဲ့ရသော လူ့အဖွဲ့အစည်းများ ကောင်းကျိုးဖြစ်ထွန်းစေမည့် အခြေအနေများ မြှင့်တင်နိုင်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးနိုင်ခြင်းမျိုး ဖန်တီးရန်
- ပြန်လည်နေရာချထားရေး အစီအစဉ်များ ဖြစ်မြောက်အောင် ဆောင်ရွက်နေစဉ် အတောအတွင်း စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများဘက်မှ စိုးရိမ်ကြောင့်ကြမှု၊ ကန့်ကွက် အရေးဆိုမှု ဖြစ်လာနိုင်သော အခြေအနေများကို ဖော်ထုတ်ရန်နှင့် ယင်းသို့သော အရေးကိစ္စများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ ကန့်ကွက် အရေးဆိုမှုများနှင့် ပတ်သက်ပြီး မှန်ကန်သင့်တော်သည့် ဖြေရှင်းမှုများ ထောက်ကူပေးရန်၊ သို့မဟုတ် အခြား လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ပေးရန်
- သီလဝါ အပိုင်း ၁ စီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီ လုပ်ငန်းများနှင့် စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများ၏ မည်သို့သော အရေးကိစ္စ၊ စိုးရိမ်ကြောင့်ကြမှု၊ ကန့်ကွက် အရေးဆိုမှုမျိုးကိုမဆို သက်ဆိုင်ရာစီမံကိန်း ဖြစ်မြောက်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အာဏာပိုင်များထံ သိရှိနိုင်စေရန်
- ပြန်လည်နေရာချထားရေး လုပ်ငန်းစီမံချက်နှင့် မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်များကို အကောင်အထည် ဖော်ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြည့်မြောက်အောင် ဆောင်ရွက်နိုင်မှု ရှိမရှိ စောင့်ကြည့်စစ်ဆေးရန်
- သီလဝါ စီမံကိန်း အပိုင်း ၁ ပြန်လည်နေရာချထားရေး အစီအစဉ်သည် ပြောင်းရွှေ့ခဲ့ရသူများအတွက် နိုင်ငံတကာစံနှုန်းညီ ပြန်လည် နေရာချထားရေးနှင့် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် လုပ်ငန်းစဉ်များ နည်းတူ ကောင်းမွန် တိုးတက်သည့် ရလဒ်ကောင်းများ ဖြည့်တင်းပေးနိုင်ရန်
- သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁ စီမံကိန်းနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သဘောပေါက် နားလည်စေမည့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း အပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစွာ စီမံကိန်းဝင် ကုမ္ပဏီများ၏ ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ပဋိပက္ခနှင့် နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို လျှော့ချရန်
- သီလဝါ အပိုင်း ၁ စီမံကိန်း ဖော်ဆောင်ရာမှ ရရှိလာသည့် အတွေ့အကြုံ သင်ခန်းစာများကို နောင်လာမည့် စီမံကိန်းတွင် အကျိုးရှိရှိ ပြန်လည်အသုံးချရန်
ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းအဖွဲ့၏ အဖွဲ့ဝင်များ
ဥက္ကဋ္ဌ – Ms. Vicky Bowman, ဒါရိုက်တာ, မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)
အတွင်းရေးမှူး – ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ပညာရှင်အဖွဲ့
အဖွဲ့ဝင်များ
- သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး (၁)
- မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ဖြစ်မြောက်ရေး ဆပ်ကော်မတီ ကိုယ်စားလှယ်များ (၂)
- မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် ကိုယ်စားလှယ်များ (၂)
- စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်/ အသိုက်အဝန်း ကိုယ်စားလှယ်များ (၂) [သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၂/ ဇုန်(B) ကိုယ်စားပြုသူ တစ်ဦး ပါဝင်သည်]
- ညှိနှိုင်းဆွေးနွေးသူများ (၁)
- အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပေါင်းကူး (၁)၊ Earth Rights International (၁)၊ သီလဝါ လူမှု ဖွံ့ဖြိုးရေးအဖွဲ့ (၁)
လူမှုစွမ်းဆောင်ရည်
ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးများကို ၂၀၁၅၊ ဖေဖော်ဝါရီမှ ၂၀၁၆၊ မတ်လ အတောအတွင်း သုံးလတစ်ကြိမ် ပြုလုပ်ခဲ့သည်။
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့ မှကိုယ်စားလှယ်များသည်ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ကျင်းပခဲ့သည့်စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ၄ ကြိမ်မြောက်ကုလသမဂ္ဂ (ကုလသမဂ္ဂ) ဖိုရမ်တွင် အတွေ့အကြုံများကိုမျှဝေရန်ပါဝင်ခဲ့သည်။
(အသေးစိတ်အတွက်ဤနေရာကိုနှိပ်ပါ)
၂၀၁၆၊ ဇူလိုင်/ဩဂုတ် လများတွင် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေးအဖွဲ့နှင့် ပတ်သက်၍ ပြင်ပအမြင်ဖြင့် ဆန်းစစ်သုံးသပ်မှု တစ်ခုကို ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန်းစစ်သုံးသပ်မှု အစီအစဉ်၌ ဘက်ပေါင်းစုံ ပါဝင်သော အကြံပေး ညှိနှိုင်းရေး အဖွဲ့သည် အမှန်တကယ် လိုအပ်မှု ရှိမရှိ၊ အချိန်ကိုက် ဖွဲ့စည်းခြင်း ရှိမရှိတို့အပြင် ကုမ္ပဏီများနှင့် စီမံကိန်းနှင့် ဆက်စပ်သော လူ့အဖွဲ့အစည်းတို့ကြား ပေါင်းကူးဆက်ဆံရေးတွင် လုပ်ထုံးလုပ်နည်း ဆောင်ရွက်ချက် အသစ်များ လိုအပ်နိုင်သည့် အခြေအနေကိုပါ ချဉ်းကပ် လေ့လာခဲ့သည်။
စီမံကိန်း ဖွံ့ဖြိုးရေး လုပ်ငန်းနယ်ပယ်အတွက် ကွဲပြားသော လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် ဆွေးနွေးမှု အစီအစဉ်များလည်း စတင်နေပြီ ဖြစ်သည်။
သီလဝါလူထုညှိနှိုင်းဆောင်ရွက်မှုအစည်းအဝေး
ပြန်လည်နေရာချထားရေးနေရာအပါအဝင် စီမံကိန်းကြောင့်အကျိုးသက်ရောက်မှုရှိသောရပ်ကွက်/ကျေးရွာ (၁၁) ခုအတွက် ဆောင်ရွက်ခဲ့ပြီးသော/ဆောင်ရွက်ရန်စီစဉ်ထားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများကိုပြန်လည်သုံးသပ်ရန် နှင့် သီလဝါအထူးစီးပွားရေးဇုန်နှင့်ဆက်နွယ်သော ကိစ္စရပ်များကိုတင်ပြဆွေးနွေးရန်အတွက် သီလဝါလူထုညှိနှိုင်းဆောင်ရွက်မှု (TCC) အစည်းအဝေးကိုသုံးလတစ်ကြိမ်ကျင်းပသည်။
စုစုပေါင်း TCC အစည်းအဝေး ၁၁ ခုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ လမှစတင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီတွင်ကျင်းပခဲ့သည့် အစည်းအဝေးသည် နောက်ဆုံးအစည်းအဝေးဖြစ်သည်။
အစည်းအဝေး၏ရည်ရွယ်ချက်များမှာ
・ဆောင်ရွက်ခဲ့ပြီးသော/ဆောင်ရွက်ရန်စီစဉ်ထားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများကိုပြန်လည်သုံးသပ်ရန်
・သီလဝါအထူးစီးပွားရေးဇုန်နှင့်အနီးပတ်ဝန်းကျင်ရှိလူထုများထံမှ မကျေနပ်မှုများနှင့်တောင်းဆိုချက်များကိုသိရှိစေရန်
သီလဝါလူထုညှိနှိုင်းဆောင်ရွက်မှု (TCC) အစည်းအဝေးတက်ရောက်သူများ
စီမံကိန်းကြောင့်အကျိုးသက်ရောက်မှုရှိသောရပ်ကွက်/ကျေးရွာများနှင့်စီမံကိန်းကြောင့်ပြောင်းရွေ့ရသည့်လူပုဂ္ဂိုလ်များ
-စီမံကိန်းကြောင့်ပြောင်းရွေ့ရသည့်လူပုဂ္ဂိုလ်များ၏ ကိုယ်စားလှယ်များ (ဇုန် အေ နှင့် ဘီ)
-ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ
– ကျေးရွာ/ရပ်ကွက် မှ လူထု ကိုယ်စားလှယ် ၂ ဦး
မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးလိမိတက်
-ဥက္ကဌ
– လူထုဆက်ဆံရေးဌာနမှ အရာရှိများ
– အုပ်ချုပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်များဌာနမှ အရာရှိများ
-လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းဌာနမှ အရာရှိများ
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ
– သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏အဖွဲ့ဝင်များ
– ပြည်သူ့ရေးရာညှိနှိုင်းရေးမှူးများ
ဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့
– အဖွဲ့ဝင်တစ်ဦး