
သီလဝါအထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ မကျေနပ်မှုများ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းစဉ် (TCMP)အနှစ်ချုပ်
သီလဝါအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ မကျေနပ်မှုများ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းစဉ်(TCMP)သည်ပါဝင်ပတ်သက်သူများထံမှသီလဝါအထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် မေးခွန်း သို့မဟုတ် စိုးရိမ်ပူပန်မှုများကို လက်ခံ ကာ အဆိုပါ မေးခွန်း သို့မဟုတ် စိုးရိမ်ပူပန်မှုများကို မြန်မြန်ဆန်ဆန် လေးလေးစားစားဖြင့် ကြိုးစားဖြေရှင်းပေး လျှက်ရှိပါသည်။ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းသည် အမှန်တကယ်ဖြစ်ပွားလျှက်ရှိသည့် ပြဿနာ/အခက် အခဲဖြစ်စေ၊ သတိထားမိသည့် ပြဿနာ/အခက်အခဲဖြစ်စေ လက်ခံရရှိသော မကျေနပ်မှုများအားလုံးကို ကြိုးစား ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ထားပါသည်။သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ထိခိုက်နစ်နာမှုရှိသည်ဟု မိမိကိုယ်ကိုယူဆသော ပါဝင်ပတ်သက်သူ မည်သူ မဆို ငွေကုန်ကြေးကျမရှိဘဲ ဤလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် ဤလုပ်ငန်းစဉ်နှင့် ရလဒ်များအပေါ် ဒေသခံများ၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိစေ ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ထို့ထက်ပို၍ ဤလုပ်ငန်းစဉ်အား ထိခိုက်နစ်နာမှုရှိသည့် ပါဝင်ပတ်သက် သူ အုပ်စုများထံ အလွယ်တကူနားလည်နိုင်သည့်ပုံစံဖြင့် ဖြန့်ဝေသွားမည် ဖြစ်ပါသည်။ သီလဝါအထူးစီးပွားရေးဇုန် အနေဖြင့် လက်ခံရရှိသည့် အချက်အလက်များအားလုံးကို လျှို့ဝှက်ထားမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့များအပေါ် လက်တုန့်ပြန်ခံရမှုမှ ကာကွယ်နိုင်ရန် သင့်လျော်သည့် အစီအမံများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဤလုပ်ငန်းစဉ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးနှင့်စပ်လျဉ်း၍ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ(TSMC) နှင့် မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးရေးကုမ္ပဏီ(MJTD) တို့၏ အောက်ဖေါ်ပြပါ တည်ဆဲညွှန်ကြားချက် များ၊ လုပ်ငန်းများနှင့် ပေါင်းစပ်ရေးဆွဲထားပါသည်။
သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ကြေငြာချက်အမှတ်-၀၄/၂၀၁၅: သီလဝါအထူးစီးပွားရေး ဇုန်အတွင်း ရင်းနှီးမြုပ်နှံရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရေးအတွက် အသိပေးကြေငြာချက်။
ကမ္ဘာ့ကုလသမ္မဂ္ဂ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (UNGC)၏ အခြေခံမူ (၁၀)ချက်: MJTDသည် ၂၀၁၅ခုနှစ် အောက်တိုဘာ ကတည်းက လက်မှတ်ရေးထိုးခဲ့ပါသည်။
ဤသီလဝါအထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍မကျေနပ်မှုများစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းစဉ်သည်သီလဝါအထူးစီးပွားရေးဇုန်သည်ပါဝင်ပတ်သက်သူများနှင့်ညှိနှိုင်းဆောင်ရွက်ရာတွင်နိုင်ငံတကာအ လေ့အကျင့်ကောင်းများနှင့် ကိုက်ညီမှုရှိသည်ကိုအထောက်အကူပေးပါသည်။
ဤလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏ တည်ဆဲ တရားဥပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် သီလဝါ အထူးစီးပွားရေးဇုန်မှ လက်ခံကျင့်သုံးနေသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များနေရာတွင် အစားထိုးရေး ဆွဲထားခြင်းမဟုတ်ပါ။ ထို့အပြင် ဤလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ သို့မဟုတ် စီရင်ထုံးများ တွင် ပြဋ္ဌာန်းထားသော တရားဥပဒေအရ သို့မဟုတ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာအရခုခံခံစားခွင့်တို့အပေါ်တွင်လည်း ဟန့်တားနှောက်ယှက်စေမည်မဟုတ်ပါ။
၂၀၁၇ခုနှစ်၊နိုဝင်ဘာလကတည်းကTCMP၏စနစ်နှင့်လုပ်ငန်းလည်ပတ်မှုဆိုင်ရာပြဿနာများကိုအခါအားလျော်စွာပြန်လည်သုံးသပ်ပြီး၂၀၁၈ခုနှစ်တွင်ထုတ်ပြန်ခဲ့သောပြန်လည်သုံးသပ်ချက်ရလဒ်ကိုအောက်ပါ ဝဘ်စာမျက်နှာတွင်အကျဉ်းချုပ်ဖော်ပြထားသည်။
Practice and Review of TCMP
TCMP လုပ်ငန်းစဉ်
၁။ မကျေနပ်မှုကို စီမံခန့်ခွဲကိုင်တွယ်သည့် လုပ်ငန်းစဉ်
မကျေနပ်မှု စီမံခန့်ခွဲသည့်လုပ်ငန်းစဉ်တွင် အောက်ပါအတိုင်းအဆင့် ၆ ဆင့်ရှိသည်။

လူထုဆက်ဆံရေးအဖွဲ့(CRT)သည် တိုင်တန်းသူထံမှ တိုင်ကြားစာရရှိသည့်(၇) ရက်အတွင်းတိုင်ကြားသူထံ တိုင်ကြားစာလက်ခံရရှိကြောင်း အကြောင်းပြန်ကြားမည် ဖြစ်ပါသည်။
ထို့နောက်တွင် လူထုဆက်ဆံရေးအဖွဲ့ (CRT) သည် တိုင်ကြားမှု အမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ကို တာဝန်ပေးအပ်မည် ဖြစ်ပါသည်။
တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ (TSMC) ၊ မြို့နယ်အစိုးရဌာနများ၊ အလုပ်သမားဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန၊ မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးမှုလီမီတက် (MJTD) ဆောက်လုပ်ရေးကုမ္ပဏီ သို့မဟုတ် အဓိက ကန်ထရိုက်တာများ စသည့် တစ်ထိုင်တည်း တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်ဌာနများ (OneStopServiceCenter-OSSC) စသည့်တို့ဖြစ်ပါသည်။
အဆိုပါတာဝန်ရှိအဖွဲ့အစည်းများမှ တိုင်တန်းမှုများကို စုံစမ်းစစ်ဆေးပြီး တိုင်တန်းသူ အနေဖြင့် စုံစမ်းစစ်ဆေးသည့်လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်နိုင်ပါသည်။
တိုင်ကြားမှုများကိုတိုင်ကြားစာရရှိပြီးရက်ပေါင်း(၃၀)အတွင်းဖြေရှင်းပေးရမည်ဖြစ်ပါသည်။အကယ်၍ လုပ်ငန်းအဖွဲ့၏ အဆိုပြုချက်ကိုတိုင်ကြားသူမှ လက်ခံပါက အဆိုပြုချက်ကို အကောင်အထည်ဖော်မည်ဖြစ်ပါသည်။ စစ်ဆေးဖြေရှင်းမှု အောင်မြင်စွာပြီးဆုံးပါက တိုင်ကြားမှုကို ပိတ်သိမ်းပါမည်ဖြစ်ပါသည်။ အကယ်၍ တိုင်ကြားသူဘက်မှ အဆိုပြုချက်ကို သဘောမတူပါက မကျေနပ်မှုပြန်လည်သုံးသပ်ရေး ဘုတ်အဖွဲ့ (Complaint Review Board-CRB) ထံသို့ ထပ်မံစုံစမ်းစစ်ဆေးပေးပါရန်တင်ပြနိုင်ပါသည်။ မကျေနပ်မှုပြန်လည်သုံးသပ်ရေး ဘုတ်အဖွဲ့ (CRB) မှ ထပ်မံစုံစမ်းမှု များပြုလုပ်မည်ဖြစ်ပါသည်။
(၂) လူထုဆက်ဆံရေးအဖွဲ့(CRT) ၏ အခန်းကဏ္ဍ
TSMC နှင့် MJTD တို့ ပူးပေါင်းဖွဲ့စည်းထားသော လူထုဆက်ဆံရေး အဖွဲ့(CRT)သည် မကျေနပ်မှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ် (TCMP) တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ဖွဲ့စည်းပုံကိုအောက်ပါ ဇယားတွင်ဖော်ပြထားပါသည်။ လူထုဆက်ဆံရေး အဖွဲ့ (CRT) သည် (၁) သီလဝါ အထူးစီးပွားရေးဇုန် အတွင်း၌ ညှိနှိုင်းရေးအဖွဲ့(၂) မကျေနပ်မှု စီမံခန့်ခွဲရေးလုပ်ငန်းစဉ်၏ အတွင်းနှင့်အပြင် ကိစ္စရပ်များကို တာဝန်ယူခြင်း (၃) မကျေနပ်မှု စီမံခန့်ခွဲရေးလုပ်ငန်းစဉ်၏ အုပ်ချုပ်ရေးတာဝန်များကို စီမံဆောင်ရွက်နေသောအဖွဲ့ ဖြစ်ပါသည်။ အောက်ပါဝန်ထမ်းများကို CRT အဖွဲ့ဝင်အဖြစ်ခန့်အပ်သည်။

မကျေနပ်မှုတစ်ခုကို တင်ပြနိုင်မည့် လမ်းကြောင်းများ
ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ မကျေနပ်မှုများကို သီလဝါအထူးစီးပွားရေးဇုန်သို့ တင်ပြ သို့မဟုတ် စာရင်း ရေးသွင်းနိုင်သည့် “လမ်းကြောင်း”များစွာ ရှိပါသည်။ အဆိုပါလမ်းကြောင်းများတွင်
- ဒေသခံပြည်သူများထံလာရောက်သည့် အထူးစီးပွားရေးဇုန်မှအရာရှိထံ လူကိုယ်တိုင်ဖြစ်စေ
- အထူးစီးပွားရေးဇုန်သို့ သွားရောက်၍ လူကိုယ်တိုင်ဖြစ်စေ
- အကြံပေးစာထည့်နိုင်သည့်စာတိုက်ပုံးများမှဖြစ်စေ(လူထုပါဝင်ပတ်သက်သူများ၏အကြံပေးချက်အ တိုင်း ထားရှိရန်စီစဉ်ထားပါသည်။)
- လူထုမှ ဆန္ဒရှိလျှင် လူထုကိုယ်စားပြုကြားခံပုဂ္ဂိုလ်များမှတဆင့် တိုင်ကြားခြင်း၊
- အထူးစီးပွားရေးဇုန်သို့ စာဖြင့်ရေးသား၍ ဖြစ်စေ
- ကျေးရွာများတွင်လည်းကောင်း၊အထူးစီးပွားရေးဇုန်အတွင်း၌လည်းကောင်းအထူးစီးပွားရေးဇုန် ကိုယ်စား လှယ်များမှ ကျင်းပသော ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင်ဖြစ်စေ တင်ပြနိုင်ပါသည်။
မကျေနပ်မှုတင်ပြချက်ပုံစံ၏ လျှောက်လွှာပုံစံကို သက်ဆိုင်ရာ နေရာများတွင် ပေးအပ်ထားရှိသည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ TCMPလက်ကမ်းကြော်ငြာနှင့် မကျေနပ်မှုတင်ပြချက်ပုံစံတို့ကိုဇုန်အေနှင့်ဇုန်ဘီပြန်လည်နေရာချထားရေးနေရာများအပါအဝင်စီမံကိန်းကြောင့်ထိခိုက်နစ်နာသောဒေသတွင်နေထိုင်သောလူထု(PACs)များရှိသည့်ကျေးရွာအုပ်စနှင့်ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးရုံးများ ၊ တွင် ထားရှိပြီးဖြစ်သည်။ နမူနာပုံစံကိုအောက်တွင်ဖော်ပြထားသည်။
လျှောက်လွှာပုံစံ၏ စာရွက်စာတမ်းအပြည့်အစုံအတွက် ကျေးဇူးပြု၍ pdf ဖိုင် ကို ဒေါင်းလုပ်ချပါ ။
ဆက်သွယ်ရန် ပုဂ္ဂိုလ်များ
TSMC နှင့် MJTD တို့ ပူးပေါင်း၍ TCMP ကိုစီမံခန့်ခွဲသည်။ အောက်ဖော်ပြပါပုံတွင် ဆက်သွယ်ရန်ပုဂ္ဂိုလ်များကို ဖော်ပြထားသည်။
