
ခြုံငုံသုံးသပ်ခြင်း
ပြင်ပအဖွဲ့အစည်းများနှင့်အခြားသောစီမံကိန်းကော်မတီတို့မှ မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေရေး အစီအစဉ် ကို အပြည့်အဝ စောင့်ကြည့်စစ်ဆေးပါသည်။ စောင့်ကြည့်စစ်ဆေးခြင်းနည်းလမ်းများကို နိုင်ငံတကာ၏ကောင်းမွန်သောအလေ့အကျင့်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် ၏ လမ်းညွှန်ချက်များအားလိုက်နာ၍ဆောင်ရွက်ခဲ့ပါသည်။
၁။ စောင့်ကြည့်စစ်ဆေးခြင်းနှင့်ပြန်လည်ဆန်းစစ်ခြင်း၏ရည်ရွယ်ချက်
-စောင့်ကြည့်စစ်ဆေးခြင်း၏ရည်ရွယ်ချက်
(၁) ဆောင်ရွက်ရမည့် စီမံကိန်းဆောင်ရွက်ချက်များအား အရည်အသွေးပြည့်ဝ၍ အချိန်မီထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်စေရန် စီစစ်အတည်ပြုခြင်း
(၂) စီမံကိန်းဆောင်ရွက်ချက်များအား စီမံကိန်းရည်မှန်းချက်များနှင့်ကိုက်ညီ၍ မည့်သို့မည်ပုံကောင်းမွန်စွာအောင်မြင်ပြီးမြောက်ရန် ကြိုတင်တွက်ဆခြင်း
-စောင့်ကြည့်စစ်ဆေးခြင်းနည်းလမ်းများသည် ပြန်လည်နေရာချထားရေးဆိုင်ရာစောင့်ကြည့်စစ်ဆေးခြင်းနှင့်ပြန်လည်ဆန်းစစ်ခြင်းလမ်းညွှန်ချက် မူကြမ်း (အာရှးဖွံ့ဖြိုးရေးဘဏ်၊ ၂၀၀၃ ခုနှစ် ဧပြီလ ၂၁ ရက်) ကိုလိုက်နာပါသည်။
-စောင့်ကြည့်စစ်ဆေးခြင်းနည်းလမ်းအမျိုးအစား ၂ မျိုးရှိသည်။ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကာလအတွင်း (များသောအားဖြင့် ဆောက်လုပ်ရေးအကြိုကာလ) နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းပြီးနောက် (ဆောက်လုပ်ရေးကာလ) ပြန်လည်နေရာချထားရေးနောက်ပိုင်းစောင့်ကြည့်စစ်ဆေးခြင်း။
-စောင့်ကြည့်စစ်ဆေးခြင်းကိုပြန်လည်နေရာချထားရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဇုန် အေ နှင့် ဇုန် ဘီ ဧရိယာ ၂ ခုလုံးအားပြုလုပ်ပါသည်။
ဇုန် အေ
စုစုပေါင်းဧရိယာ
ရည်ရွယ်ထားသည့်အိမ်ထောင်စု
ဟတ်တာ ၄၀၀
စီမံကိန်းကြောင့်ထိခိုက်သောအိမ်ထောင်စု ၈၁ စု
စီမံကိန်းကြောင့်ထိခိုက်သောသူ ၃၈၂ ဦး
ဇုန် ဘီ
စုစုပေါင်းဧရိယာ
ရည်ရွယ်ထားသည့်အိမ်ထောင်စု
ဟတ်တာ ၂၀၈
စီမံကိန်းကြောင့်ထိခိုက်သောအိမ်ထောင်စု ၁၆၂ စု
စီမံကိန်းကြောင့်ထိခိုက်သောသူ ၆၂၄ ဦး
(၂၀၂၀ခုနှစ် ဒီဇင်ဘာလ အရ)
စောင့်ကြည့်စစ်ဆေးခြင်းနှင့်ပြန်လည်ဆန်းစစ်ခြင်းလုပ်ငန်းများအားလုံးကို အောက်ဖော်ပြပါဇယားတွင်အနှစ်ချုပ်ဖော်ပြထားပါသည်။
[ ဌာနတွင်းနှင့်ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအကြမ်းဖျင်းဖော်ပြချက် ]
Internal Monitoring
External Monitoring
*RIC… ပြန်လည်နေရာချထားရေးကော်မတီ
RWP… ပြန်လည်နေရာချထားရေးလုပ်ငန်းစီမံချက်
IRP… မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေရေးအစီအစဉ်
TSMC …သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ
IRPISC…IRP
၂။ ဌာနတွင်းစောင့်ကြည့်စစ်ဆေးခြင်း
2-1.ရည်ရွယ်ချက်များ
ပြန်လည်နေရာချထားရေးအတွင်း
i) ကူညီထောက်ပံ့မှုသည်RWPနှင့်ကိုက်ညီမှုရှိမရှိအား စောင့်ကြည့်စစ်ဆေးရန်
ii) ကူညီထောက်ပံ့မှုအစီအစဉ်ရေးဆွဲရာတွင် ၎င်းထောက်ပံမှုအပေါ်ဖြစ်ပေါ်လာနိုင်သည့်ကြိုတင်မခန့်မှန်းနိုင်သောကိစ္စရပ်များကိုစစ်ဆေးရန်
ပြန်လည်နေရာချထားရေးပြီးနောက်
i) IRP ၏ တိုးတက်ပြောင်းလဲမှုအားစောင့်ကြည့်ရန်
ii) ပြန်လည်နေရာချထားပြီးနောက် နေရာချထားရေးအခြေအနေများကို စောင့်ကြည့်ရန်
iii) လိုအပ်လာပါက နောက်ထပ်ဆောင်ရွက်ချက်များကိုစစ်ဆေးရန်
2-2.အပတ်စဉ်စောင့်ကြည့်စစ်ဆေးခြင်းအစီအရင်ခံစာ၏ အဓိကသတ်မှတ်ချက်များ
1)နေအိမ်အခြေအနေ၊ လျှပ်စစ်မီး၊ လမ်း၊ ရေမြောင်း၊ ရေတွင်း နှင့် ရေထောက်ပံ့ရေး စသည့် အခြေခံအဆောက်အအုံများ
2)မိလ္လာ၊ အမှိုက် စသည့် သန့်ရှင်းရေးအခြေအနေများ
3)မွေးမြုရေး
4)စိုက်ပျိုးရေး
5)အသက်မွေးဝမ်းကျောင်းများ
2-3.အပတ်စဉ်စောင့်ကြည့်စစ်ဆေးခြင်းအစီအရင်ခံစာအားဤနေရာတွင်ကြည့်နိုင်သည်။
http://irp.myanmarthilawa.gov.mm/weekly-report
3.ပြင်ပစောင့်ကြည့်စစ်ဆေးခြင်း
3-1.ပြင်ပစောင့်ကြည့်စစ်ဆေးခြင်း၏ရည်ရွယ်ချက်များ
ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းကို ကျွမ်းကျင်သော သီးခြားတတိယအဖွဲ့အစည်း TWA ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှဆောင်ရွက်သည်။
ပြင်ပစောင့်ကြည့်စစ်ဆေးခြင်း၏ရည်ရွယ်ချက်များမှာအခါအားလျော်စွာပေါ်ပေါက်လာသောအောက်ပါ သုံးသပ်ချက်များနှင့်ဆုံးဖြတ်ချက်များကိုစီစဉ်ပေးရန်ဖြစ်သည်။
(i) ပြန်လည်နေရာချထားရေး ရည်ရွယ်ချက်များအောင်မြင်မှု
(ii) စီမံကိန်းကြောင့်ထိခိုက်သောသူများ၏ အခြေခံ လူမှုရေးနှင့်စီးပွားရေးပြန်လည်ထူထောင်ရေး
(iii) ခံစားပိုင်ခွင့်များ၏အကျိုးဖြစ်ထွန်းမှုနှင့်ရေရှည်ထိန်းသိမ်းထားနိုင်မှု
(iv) သက်သာလာစေနိုင်သော နောက်ထပ်ဆောင်ရွက်ချက်များ၏ လိုအပ်ချက်များ
3-2.ပြင်ပစောင့်ကြည့်စစ်ဆေးခြင်း၏ အဓိကသတ်မှတ်ချက်များ
1) လူဦးရေ
2) အသက်မွေးဝမ်းကျောင်းများ
3)ဝင်ငွေနှင့်ထွက်ငွေများ
4) စားနပ်ရိက္ခာလုံခြုံမှု
5)နေအိမ်နှင့်အခြေခံအဆောက်အအုံ
6)ပြန်လည်နေရာချထားရေးနေရာရှိ အခြေခံအဆောက်အအုံနှင့် နေထိုင်မှုအခြေအနေ
7)ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်သည့်ပစ္စည်းများ
8)ကလေးများ၏ပညာရေး
9)ကျန်းမာရေးစောင့်ရှောက်မှု
10)သဘာဝပတ်ဝန်းကျင်အခြေအနေ
11)မူလဝင်ငွေအခြေအနေသို့ပြန်လည်ရောက်ရှိစေရေးအစီအစဉ် (IRP) တွင်ပါဝင်ဆောင်ရွက်ခြင်း
12)လူမှုကွန်ရက်များ
3-3.ပြုလုပ်ခဲ့သော ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာများ
ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာများအပြည့်အစုံရယူရန်၊ အစီရင်ခံစာတစ်ခုခြင်းစီ၏ အဓိကလေ့လာချက်များအားအောက်တွင်ဖော်ပြထားပါသည်။

ပထမအကြိမ်ဇုန်အေ ဧရိယာအတွက် ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ
Report here
အဓိကလေ့လာတွေ့ရှိချက်များ
-စီမံကိန်းကြောင့် ရွှေ့ပြောင်း အခြေချသူ အားလုံး၏ သုံးပုံနှစ်ပုံထက် ပိုများသော အရေအတွက်သည် ပြန်လည်နေရာချထားရေး စီမံကိန်းများ အပြီးတွင် အသုံးစရိတ် ပိုတိုးလာခဲ့ပြီး အများစုက ဝင်ငွေထက် ထွက်ငွေ ပိုများနေကြသည်။
-၅ နှစ်အထက် ကလေးအားလုံး၏ ၉၆ ရာခိုင်နှုန်း ကျောင်းတက်နေသည်။ ယင်းသည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရမှု မတိုင်မီ လူနေမှု ဘဝကထက် သိသာစွာ မြင့်တက်လာသော ကိန်းဂဏန်း ဖြစ်သည်။
-အစားထိုး နေရာချထားပေးသည့် ဧရိယာသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူ အများစုသည် ယင်းမတိုင်မီ နေထိုင်မှုနှင့် နှိုင်းယှဉ်ပါက အသစ်ပြောင်းရွှေ့လာသော နေရာရှိ လူနေမှု အဆင့်အတန်းနှင့် အခြေခံ အဆောက်အအုံ ဖြည့်တင်းမှုများကို ပိုမို အကောင်းမြင် နှစ်သက်ကြသည်။
-More than two-thirds of PAPs reported an increase in their expenditure since resettlement/displacement. So many have less income than expenditures.

ဒုတိယအကြိမ်ဇုန်အေ ဧရိယာအတွက် ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ
Report here
အဓိကလေ့လာတွေ့ရှိချက်များ
-ပျံကျအလုပ်၊ နေ့စားအလုပ်နှင့် အိမ်တွင်း စီးပွားရေးတို့ကို အဓိက အသက်မွေးမှုအဖြစ် လုပ်ကိုင်နေကြသည်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အနည်းငယ်မျှသာ ဆန်စပါး စိုက်ပျိုးခြင်းနှင့် ကောက်ပဲသီးနှံ ရောင်းချခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည်။ ပြောင်းရွှေ့မှုများ မတိုင်မီ အနေအထားနှင့် ယှဉ်ပါက စစ်တမ်းကောက်ယူချိန်တွင် အစားထိုး နေရာချပေးသည့် ဧရိယာတွင် နေထိုင်သူများ ကြက်၊ ဝက်၊ ဘဲ အစရှိသည့် စီးပွားဖြစ် တိရစ္ဆာန် မွေးမြူမှုများ ပိုမိုတိုးပွား များပြားလာသည်။
-စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အများစုသည် ဒုတိယအကြိမ် လူမှုစီးပွား စစ်တမ်း ကောက်ယူချိန်တွင် ဝင်ငွေ အနည်းငယ်မျှ တိုးပွားလာကြောင်း ဖြေကြားခဲ့ကြသည်။
-အိမ်အသုံးစရိတ် စီမံထိန်းသိမ်းရေး သင်တန်းများ ကူညီပို့ချကာ ဝင်ငွေနှင့် ထွက်ငွေကို အချိုးညီ ညှိနှိုင်းနိုင်အောင် ဆောင်ရွက်ပေးခဲ့သည့်တိုင် ရွှေ့ပြောင်းနေထိုင်သူ အများစုမှာ ဝင်ငွေထက် အသုံးစရိတ် ပိုမိုများပြားနေကြဆဲ ဖြစ်သည်။
-အသက် ၅ နှစ်အထက် ကလေးများအားလုံး (ရာနှုန်းပြည့်) ကျောင်းတက်နေကြသည်။

တတိယအကြိမ်ဇုန်အေ ဧရိယာအတွက် ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ
Report here
အဓိကလေ့လာတွေ့ရှိချက်များ
-ဒုတိယအကြိမ် လူမှုစီးပွားစစ်တမ်း ကောက်ယူချိန်နှင့် ယှဉ်ပါက မိသားစု တစ်ခုချင်းစီ၏ အိမ်ထောင်ဦးစီး အလုပ်အကိုင် ခိုင်မာမှုသည် သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့အပြင် လူပေါင်းများစွာ၏ အလုပ်အကိုင် သဘောသဘာဝမှာလည်း ပြောင်းလဲသွားပြီ ဖြစ်သည်။
-အစားထိုး နေရာချထားပေးသည့် ဧရိယာတွင် အိမ်မြေ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ထားသူများမှလွဲ၍ စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လူပုဂ္ဂိုလ် အများစု၏ ပျမ်းမျှဝင်ငွေ တိုးပွားလာခဲ့သည်။
-စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အများစု၏ ပျမ်းမျှဝင်ငွေ တိုးလာသည် မှန်သော်လည်း အချို့အိမ်ထောင်စုများမှာ လုပ်ခလစာထက် အသုံးစရိတ်က ပိုများနေဆဲ ဖြစ်သည်။
-ရွှေ့ပြောင်း အခြေချသူများအနက် အုပ်စု (A)၏ ငွေကြေးစုဆောင်းနိုင်မှုမှာ ပိုမိုမြင့်တက်လာသည်။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အသေးစား ငွေစုငွေချေး အစီအစဉ် စတင်ပေးခဲ့ခြင်းအတွက် သိသာသော တုံ့ပြန်သက်ရောက်မှု ဖြစ်သည်။

ဧရိယာ ၂-၁ နှင့် ၂-၂ အရှေ့ပိုင်းအတွက် ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာ ၂၀၁၈ ခုနှစ်၊ မတ်လ
Report here
အဓိကလေ့လာတွေ့ရှိချက်များ
-ဇုန်အေပြန်လည်နေရာချထားရေးနေရာတွင်နေထိုင်သောအိမ်ထောင်စုများ၏အိမ်ထောင်ဦးစီးအလုပ်ပြောင်းလဲခြင်းသည် ၂၃% သို့မြင့်တက်နေသည်။ ပြန်လည်နေရာချထားခြင်းသည် ၎င်းတို့၏ရိုးရာအသက်မွေးလုပ်ငန်းစနစ်အား ပြောင်းလဲလိုက်သောကြောင့်ဖြစ်သည်။
-၅၀%အောက်လျော့နည်းသော PAP နှင့် Non-PAP မိသားစုများသည် ငွေကြေးစုဆောင်းထားရှိကြသည်။
– ပြန်လည်နေရာချထားရေးနေရာ၏သဘာဝပတ်ဝန်းကျင်အခြေအနေအရ တစ်ချို့သော PAP များသည်မိလ္ဘာကန်ပြည့်လျှံခြင်းကြောင့်ဖြစ်ပေါ်လာသည့် ဆိုးဝါးသောအိမ်သာအခြေအနေကိုတင်ပြကြသည်။
-Less than 50 % of PAPs and Non-PAPs’ households practice any saving.

ဧရိယာ ၂-၁ နှင့် ၂-၂ အရှေ့ပိုင်းအတွက် ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ
Report here
အဓိကလေ့လာတွေ့ရှိချက်များ
– ဖြေဆိုသူများအားလုံးသည် သတင်းအချက်အလက်ဖြန့်ဝေခြင်းဖြင့် ၎င်းတို့၏ ကျန်းမာရေးကိစ္စများကိုပိုမိုတာဝန်ယူလာကြသည်။
– ဇုန်(ဘီ) အဖွဲ့ (က) မှ ပြန်လည်နေရာချထားရေးနေရာတွင်နေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းသငတန်းများတက်ရောက်ခြင်းသည် ယခင် ၄ကြိမ်မြောက် စောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာတွင်ပါဝင်သောသောလူဦးရေထက် ပိုမိုများပြားလာသည်။
-အချို့သောPAPအိမ်များတွင်အိမ်သာအခြေအနေဆိုးဝါးနေဆဲဖြစ်သော်လည်းရေမှာအရည်အသွေးကောင်းမွန်ပြီးရေမီတာပါရှိကာ ရေသုံးစွဲမှုကုန်ကျစရိတ်များကို PAPs မှပေးဆောင်ရမည်ဖြစ်သည်။ လျှပ်စစ်မီတာခပေးဆောင်ရခြင်းနှင့်ပတ်သက်၍တိုင်ကြားခြင်းမရှိပါ။
-EMS ငါးနှစ်ဆက်တိုက်ကာလတစ်လျှောက် ဇုန် အေ မှပြန်လည်နေရာချထားရေးနေရာ (က) တွင်နေထိုင်သော PAP များ၏ ၀ င်ငွေသည်အနည်းငယ်တိုးတက်ခဲ့ပြီး ၄ င်းတို့၏အသုံးစရိတ်များသည် 4th EMS မတိုင်မီလျော့နည်းသွားခဲ့သည်။

ဧရိယာ ၂-၁ နှင့် ၂-၂ အရှေ့ပိုင်းအတွက် ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ
Report here
အဓိကလေ့လာတွေ့ရှိချက်များ
– ဇုန် အေ ၏ပြန်လည်နေရာချထားရေးနေရာ (က) တွင်နေထိုင်သော PAPs ၏လတစ်လပျမ်းမျှဝင်ငွေသည်ပြင်ပမှစောင့်ကြည့်လေ့လာမှုတိုင်းတွင်တဖြည်းဖြည်းတိုးတက်လာခဲ့သည်။
– ၉၀%ကျော်PAPများက၎င်းတို့သည်လက်ရှိအိမ်များတွင်လုံခြုံမှုရှိသည်ဟုခံစားခဲ့ရကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။
– ပြန်လည်နေရာချထားရေးနေရာတွင်နေထိုင်သော PAP များတွင် အသက်မွေးဝမ်းကျောင်းသင်တန်းတက်ရောက်ခဲ့သည့်အိမ်ထောင်စုဝင်များမှာ ၄၈%ရှိသည်။
– အဓိကဝင်ငွေအရင်းအမြစ်နှင့်ဒုတိယဝင်ငွေအရင်းမြစ်သည် PAPs နှင့် Non-PAPs အမျိုးအစားများတွင် များသောအားဖြင့် လုပ်ခလစာများဖြစ်ကြသော်လည်းအချို့သော PAP များသည်ဘဏ်အတိုးအပေါ်မှီခိုနေသည်။
– ပြန်လည်နေရာချထားရေးနေရာပြင်ပတွင်နေထိုင်သော PAP များသည်အသက်မွေး ဝမ်းကျောင်းသင်တန်းများသို့လက်လှမ်းမမီကြောင်းအချို့ PAP များကဖော်ပြခဲ့သည်။

တိုးချဲ့ဧရိယာ အတွက် ပြင်ပစောင့်ကြည့်စစ်ဆေးခြင်းအစီရင်ခံစာ ၂၀၂၀ ခုနှစ်၊ မတ်လ
Report here
အဓိကလေ့လာတွေ့ရှိချက်များ
-ကိုယ်ပိုင်ပြန်လည်နေရာချထားသည့် PAPများ ၏ (၇၃%) သည်ပြန်လည်နေရာချထားပြီးသောအခါ အိမ်များကိုပိုင်ဆိုင်ကြသည်။ PAP များသည်ယခင်က တဲအိမ်ဖြင့်နေထိုင်သော်လည်းသူတို့၏လက်ရှိအိမ်အခြေအနေမှာ ယခင်အခြေအနေထက်ပိုမိုကောင်းမွန်သည်။
-အချို့သော PAP များသည်အသက်မွေးဝမ်းကျောင်းသင်တန်းများရရှိခဲ့ပြီး၊ အလုပ်အကိုင်ရှာဖွေရာတွင်အထောက်အကူဖြစ်သည်ဟုပြောခဲ့သည်။ သို့သော်လည်း၊ အပိုင်း (၃) မှ PAP အများစုသည်တက်ရောက်ရန်စိတ်မဝင်စားကြပါ။ အဓိကအကြောင်းမှာသူတို့သည်သင်တန်းတက်လျှင်လက်ရှိအလုပ်များကိုဖျက်ရသောကြောင့်ဖြစ်သည်။
-ဖြေဆိုသူအများစု၏ပြောကြားချက်အရ၎င်းတို့သည်ငွေမစုကြပါ။ အချို့သော PAP များသည်အသေးစားငွေကြေးအစီအစဉ်များကိုအလွယ်တကူလက်လှမ်းမမှီကြပါ။
-ကိုယ်ပိုင်ပြန်လည်နေရာချထားသည့် PAPs အများစု (က) သည်ယခင်အခြေအနေနှင့်နှိုင်းယှဉ်လျှင်လက်ရှိအိမ်ရာအခြေအနေကိုစိတ်ကျေနပ်မှုရှိသည်။ ၉၅% သည် အိမ်ရာအခြေအနေမှာယခင်ကထက်ပိုကောင်းသည်ဟုထင်မြင်ကြပြီး ၈၆% သည် အိမ်သာအခြေအနေမှာ ယခင်ကထက်ပိုကောင်းသည်ဟုထင်မြင်သည်။